Pages

Tuesday, September 8, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာသံရုံး ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံ၊ ဂျေရုစလင်မြို့ရှိ Holocaust ပြတိုက်သို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
Yad Vashem (Holocaust Museum) တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပန်းခွေချစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ 
အစ္စရေးနိုင်ငံ ၊ ဂျေရုစလင်မြို့ ရှိ Holocaust ပြတိုက်အတွင်း ကြည့်ရှုလေ့လာစဉ်



နေပြည်တော် ၊ ၈-၉-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၆ ရက် ဒေသ  စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် အစ္စရေးနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံးသို့ ရောက်ရှိကြရာ သံအမတ်ကြီး ဦးမျိုးအေး နှင့် သံရုံးဝန်ထမ်း မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
လက်ဆောင်ပစ္စည်းများ ၊ စားသောက်ဖွယ်ရာများ ပေးအပ်ရာ 
သံအမတ်ကြီး က လက်ခံရယူစဉ်

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ဆောင် ပစ္စည်းများ၊ စားသောက်ဖွယ်ရာ များ ပေးအပ်ရာ သံအမတ်ကြီးနှင့် ဝန်ထမ်းများက လက်ခံ ရယူသည်။

အစ္စရေးနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်တွင် အစ္စရေးနိုင်ငံ၊ ဂျေရုစလင်မြို့ရှိ Holocaust ပြတိုက်သို့ သွားရောက် ကြည့်ရှု လေ့လာကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Holocaust ပြတိုက်မှ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြပြီး ပြတိုက်အတွင်း လိုက်လံရှင်းလင်း ပြသကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် Yad Vashem (Holocaust Museum) တွင် ဒုတိယကမ္ဘာစစ် အတွင်း ကမ္ဘာ့ အနှံ့အပြား၌ အသတ်ခံခဲ့ ရသော ဂျူးလူမျိုး ၆ သန်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းခွေ ချခဲ့သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ညနေပိုင်းတွင် အစ္စရေးနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဦးမျိုးအေး က ဂျေရုစလင် မြို့ဟောင်း Dead Sea ကမ်းခြေ Herods ဟိုတယ်၌ တည်ခင်း ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment