Pages

Wednesday, September 9, 2015

ရေထွက်ကုန် ပစ္စည်းများ ပြည်ပတင်ပို့မှု မြှင့်တင်ရန်ထက် ပြည်တွင်းစားသုံးမှု ဈေးကွက်အတွင်း ပိုမိုဖြန့်ချိရန် လိုအပ်



ရန်ကုန် ၊ ၉-၉-၂ဝ၁၅

ပြည်တွင်းရှိ မွေးမြူရေး လုပ်ငန်းများနှင့် ပင်လယ်ပြင် ဖမ်းဆီးရေး လုပ်ငန်းများမှ ရရှိသည့် ရေထွက်ကုန် ပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့မှုပိုင်း မြှင့်တင်ရန်ထက် ပြည်တွင်း စားသုံးမှု ဈေးကွက် အတွင်းသို့ လုံလောက်စွာ ရောက်ရှိစေရေး အတွက် ပိုမိုဖြန့်ချိ နိုင်ရန်နှင့် ဈေးနှုန်းထိန်းညှိ ပေးနိုင်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

ပြည်ပတင်ပို့ ခြင်းကြောင့် ရရှိသည့်ဈေးနှုန်း များနှင့်တန်းတူ ပြည်တွင်းရှိ စားသောက်ဆိုင် လုပ်ငန်းများ နှင့် ဟိုတယ်လုပ်ငန်း များမှလည်း ဈေးကောင်း ပေးဝယ်ယူလာ ခြင်းကြောင့် တချို့သော ရေထွက်ကုန် ပစ္စည်းတင်ပို့ သည့်လုပ်ငန်း လုပ်ကိုင်သူ များက ပြည်တွင်းစားသုံးမှု ဈေးကွက် အတွင်း၌သာ ပြန်လည်ဖြန့်ဖြူး ရောင်းချမှုများ ပြုလုပ် လာကြကြောင်း သိရသည်။

''ဒီနှစ်က ရေထွက်ကုန် လုပ်ငန်းတွေမှာ အထွက်နှုန်း ကျလာတယ်။ ပြီးတော့ ပြည်တွင်း စားသုံးမှု ဈေးကွက် ထဲမှာလည်း စားသုံးတဲ့ ပမာဏက မြင့်တက်လာတယ်။ အဲဒီအတွက် ပြည်တွင်း စားသုံးမှု ဈေးကွက်ထဲမှာ လုံလောက်အောင် ပိုပြီး ဖြန့်ချိပေးဖို့ လိုလာပြီ။ ဒါ့အပြင် ဈေးနှုန်းပိုင်း ကိုလည်း ထိန်းညှိပေး ထားရတော့မယ်'' ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။

ရေထွက်ကုန် ပစ္စည်းများကို ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချ မည်ဆိုပါက ပင်လယ်ပြင် ဖမ်းဆီးရေးမှ ရရှိသည့် ရေထွက်ကုန် များထက် မွေးမြူရေး လုပ်ငန်းများမှ ရရှိသည့် ရေထွက်ကုန် ပစ္စည်းများ ကိုသာ ဦးစားပေး တင်ပို့ သင့်ကြောင်း၊ ရေထွက်ကုန် ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှု မြှင့်တင်မည် ဆိုပါက မွေးမြူရေး လုပ်င န်းများကို ဦးစွာ အဆင့်မြှင့်တင် ရန်လိုကြောင်း ၄င်းက အကြံပြု ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment