Pages

Monday, September 7, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ အစ္စရေးနိုင်ငံ ၊ တဲလ်အဗီးမြို့ သို့ရောက်ရှိ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ 
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ ရှိ Ben- Gurion လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၇-၉-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အစ္စရေးနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Moshe Yaalon ၏ ဖိတ်ကြားချက် အရ အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် အတွက် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ ရှိ Ben- Gurion လေဆိပ်သို့ ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၅ဝ မိနစ်တွင် ရောက်ရှိ ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အစ္စရေးနိုင်ငံ SIBAT(International Defense Cooperation Directorate) Director Mr. Mishel Ben Baruch ဦးဆောင်သော ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အစ္စရေးနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးအေး နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily



No comments:

Post a Comment