Pages

Thursday, September 3, 2015

ခါးနာသူများကို စတီးရွိုက် ဆေးထိုးပေးခြင်းမှာ အကျိုးအာနိသင် မရှိကြောင်း တွေ့ရှိ



ဒေါက်တာ သက်လွင် (ပြည်သူ့ကျန်းမာရေး)

ခါးနာသူ အများစုသည် ခါးနာသက်သာ စေရန် စတီးရွိုက်ဆေး ကို ထိုးတတ်ကြပြီး လေ့လာမှုသစ် အရ စတီးရွိုက် ထိုးပေးခြင်း သည် အကျိုး အာနိသင် မရှိကြောင်း သုတေသန တွေ့ရှိချက်အရ သိရသည်။

ထို့အပြင် ခါးနာသူများ အတွက် အမှန်တကယ် ပျောက်ကင်း စေသည့်နည်းမှာ ခဲဆွဲခြင်းနည်း နှင့် အကိုက်အခဲ ပျောက်ဆေး ပေးသည့်နည်း ရှိပြီး စတီးရွိုက် ဆေးသည် အာနိသင် မရှိကြောင်း၊ အော်ရီဂွန် သိပ္ပံ ဆေးပညာ တက္ကသိုလ် ပေါ့တလန်မြို့မှ သုတေသီ ရော်ဂျာချူ ၏ တွေ့ရှိချက် အား ဆေးပညာ ဂျာနယ် တွင် ပုံနှိပ်ဖော်ပြ ထားသည်။

ခါးနာခြင်း ရောဂါသည် ကိုယ်ခန္ဓာ မသန်စွမ်း ဖြစ်သည့် တစ်ကမ္ဘာလုံး ခံစား နေရသည့် ရောဂါ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု တွင် ခါးနာခြင်း ရောဂါကို လူ ၈ဝ ရာခိုင်နှုန်း ခန့်သည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ခံစားခဲ့ဖူကြပြီး တချို့မှာ ဘဝ တစ်သက်တာ ခါးနာရောဂါ ကို စွဲကပ်ခံစား နေရသည်။

ပထမဆုံး ခါးနာကုထုံး အဖြစ် ခွဲစိတ် ကုသမှုတွင် မပါဝင်သော ဘိန်း အနွယ်ဆေးဝါး များပေးခြင်း၊ အကိုက်အခဲ ပျောက်ဆေး ပေးခြင်းတို့ ပါဝင်သည်။ ခွဲစိတ်မှုတွင် ပါဝင်သည့် စတီးရွိုက် ထိုးဆေး ပေးခြင်းသည် အာရုံကြောမ ၏ ပြင်ပအလွှာ ( Epidural )ထိုးပေးခြင်း လည်း ပါဝင်နေသည်။

စတီးရွိုက် ထိုးပေးခြင်းသည် ရောင်ရမ်းမှု ကို လျော့နည်းစေပြီး ခါးနာမှုကို သက်သာ စေသည်ဟု ယူဆခဲ့ကြသည်။ ဒေါက်တာ ချူ နှင့် အဖွဲ့မှ စတီးရွိုက် ထိုးဆေးထိုးနှံ ခြင်းသည် အကျိုး အာနိသင် မရှိကြောင်း ၊ ခါးနာရောဂါမပျောက်ကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ ခါးနာရောဂါမှာ စတီးရွိုက် ထိုးဆေးထိုးပေး နေကျ အလေ့အထအား မြောက်မြားစွာ လေ့လာ ထားခဲ့ရာမှ အကျိုး အာနိသင် မရှိခြင်းကို ကောက်ချက်ချ ပေးခဲ့ခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment