Pages

Wednesday, September 2, 2015

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေကြောင်း အရာရှိလောင်းများနှင့် အင်ဂျင်နီယာ အရာရှိလောင်းများ မွေးထုတ်ပေးလျက်ရှိ


ရန်ကုန် ၊ ၂-၉-၂ဝ၁၅

ကုန်သွယ် ရေကြောင်းကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရေကြောင်း အရာရှိလောင်း များနှင့် အင်ဂျင်နီယာ အရာရှိလောင်း များကို မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ စဉ်ဆက်မပြတ် မွေးထုတ် ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ သိရသည်။

''ရေကြောင်းဆိုင်ရာ ပညာရပ် တွေကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးပြီး စဉ်ဆက်မပြတ် မွေးထုတ်ပေး ခဲ့ရာမှာ ယနေ့ အချိန်အထိ သင်တန်းသားများ အပါအဝင် ရေကြောင်း အရာရှိလောင်း ၂၄၇၆ ဦး၊ အင်ဂျင်နီယာ အရာရှိလောင်း ၂၄၁၆ ဦး စုစုပေါင်း အရာရှိလောင်း ၄၈၉၂ ဦးကို မွေးထုတ် ပေးခဲ့ပြီးပါပြီ '' ဟု မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်၏ ထူးခြားချက်မှာ တခြား တက္ကသိုလ် ကောလိပ်များ နှင့်မတူဘဲ စာပေ သင်ကြားပေးရုံ သာမက လေ့ကျင့်မှု အပိုင်းများ ကိုပါ ထည့်သွင်း သင်ကြား ပေးလျက်ရှိပြီး ဖွဲ့စည်းပုံတွင် သင်ကြားရေး နှင့် လေ့ကျင့်ရေး ဌာနဟူ၍ ရှိကြောင်း သိရသည်။

''သင်တန်းနဲ့ ပတ်သက်တဲ့ ပညာရပ် ဆိုင်ရာ လက်တွေ့ လုပ်ငန်းတွေကို လက်တွေ့ လေ့ကျင့်ရတာ ရှိသလို သူတို့ရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု၊ စည်းကမ်း သေဝပ်မှု၊ ပူးပေါင်း လုပ်ဆောင် တတ်မှု၊ ခေါင်းဆောင်မှု၊ အချိန်ခွဲဝေ လုပ်ဆောင်တတ်မှု တွေ ရရှိအောင် တစ်နေ့တာ လုပ်ငန်းစဉ် ဇယားတွေ ရေးဆွဲပြီး နေ့စဉ် လေ့ကျင့် သင်ကြားပေး နေတာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်း ကောလိပ်မှ ကျောင်းသားများ ခေါ်ယူရာတွင် ရေကြောင်း ဘာသာရပ် အတွက် လူဦးရေ ၈ဝ နှင့် အင်ဂျင်နီယာ အတွက် လူဦးရေ ၈ဝ ကို ရွေးချယ် ခေါ်ယူလျက် ရှိကြောင်း သိရသည်။

သုနန္ဒာ

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment