Pages

Friday, September 4, 2015

ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ ကြက်သားပေါက် မှာယူတင်သွင်းမှု သုံးဆနီးပါး မြင့်တက်လာ



ရန်ကုန် ၊ ၄-၉-၂၀၁၅

ပြည်တွင်းရှိ အသားတိုးကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ပြည်တွင်း ဈေးကွက်အတွင်း ကြက်သားပေါက် ရှားပါး လာခြင်းကြောင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ကြက်သားပေါက် များ မှာယူ တင်သွင်းမှု အနေအထားမှာ ယခင်ထက် သုံးဆနီးပါး မြင့်တက်လာကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

အသားတိုးကြက် မွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် ခြောက်လနီးပါး အသားတိုးကြက် ဈေးနှုန်းများ အမြင့်ပိုင်းတွင် တည်ငြိမ် နေခြင်းကြောင့် လုပ်ငန်း လည်ပတ်မှု ကောင်းမွန်ခဲ့ပြီး ယခုကဲ့သို့ အသားတိုးကြက် ဈေးနှုန်းများ ပြန်လည်ကျဆင်း သွားချိန်တွင် လုပ်ငန်းလျှော့ချ လုပ်ကိုင်ခြင်း မရှိဘဲ မွေးမြူမှုကို ဆက်လက်မြှင့်တင် နေခြင်းဖြစ်သည်။

''အသားတိုးကြက် ခြံဖမ်းဈေးက ကျတယ်။ အဲဒါဆိုရင် မွေးတဲ့ သူတွေက ပမာဏလျှော့ပြီး မွေးကြတယ်။ အဲဒီလို မွေးလိုက်ရင် ဈေးကွက် တစ်ပတ်လည်လို့ အသားတင်သွင်း ချိန်ရောက်ရင် ဈေးကွက်ထဲ အသားအဝင် နည်းပြီး ဈေးက တက်လာမှာပါ'' ဟု မြန်မာနိုင်ငံ အသားတိုးကြက် ထုတ်လုပ် ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ လှလှသိန်း က ပြောသည်။

ယခုအခါ ပြည်တွင်း စားသုံးမှု ဈေးကွက်အတွင်း အသားတိုးကြက် ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ်သုံးသောင်း ဝန်းကျင်ဖြင့် ငြိမ်သက်နေပြီး ဈေးများအတွင်း အသားတိုးကြက် တစ်ပိဿာလျှင် ကျပ် ငါးထောင်ဖြင့် ဝယ်ယူ နေရကြောင်း သိရသည်။

''အခု ပြည်တွင်း အသားတိုးကြက် မွေးမြူရေး ဈေးကွက်ထဲမှာ ကြက်သားပေါက်က ရှားနေတယ်။ အဲဒီတော့ ထိုင်းနဲ့တရုတ် နိုင်ငံတွေ ကနေသွင်းရတာ။ အရင်ကတော့ ထိုင်းနိုင်ငံ ကပဲ သွင်းတာ များတယ်။ အခု တရုတ်ဘက် ကပါ မျှပြီး သွင်းနေတာ။ အခု တစ်ပိုင်တစ်နိုင် မွေးတဲ့သူတွေပါ လုပ်ငန်း လည်ပတ် လာတော့ ပြည်ပကနေ ကြက်သားပေါက် သွင်းတာက သုံးဆနီးပါး တက်လာတယ်'' ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

ပြည်တွင်း စားသုံးမှု ဈေးကွက်အတွင်း အသားတိုးကြက်ေ ဈးနှုန်းမှာ စက်တင်ဘာလ အတွင်း ပြန်လည် မြင့်တက်ဖွယ် မရှိဘဲ အောက်တိုဘာလ အတွင်းမှသာ ပြန်လည် မြင့်တက် လာနိုင်ကြောင်း ပညာရှင် များက သုံးသပ် ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment