Pages

Wednesday, September 16, 2015

အပျော်တမ်း မောင်းသူမဲ့လေယာဉ်များကို နေရာကန့်သတ် ချထားပေးသွားမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များ အတွက် ယခုနှစ်အတွင်း နေရာသီးသန့် ချထားပေး၍ မောင်းနှင်သွား စေမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းလွင် က ပြောသည်။

အပျော်တမ်း မောင်းသူမဲ့ လေယာဉ်များကို ယခုအခါ အလျဉ်းသင့် သလို မောင်းနှင် နေကြပြီး ပုဂ္ဂိုလ်ရေးရာ မထိခိုက်စေရေး၊ စနစ်တကျ ရှိရေးနှင့် ဘေးကင်း လုံခြုံမှုများ ရှိစေရန် နေရာသီးသန့် ချထား ပေးသွားမည်ဟု သိရသည်။

လတ်တလောတွင် အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အတွက် ရန်ကုန်တွင် တစ်နေရာ၊ မန္တလေးတွင် တစ်နေရာ စီစဉ် လျာထားကြောင်း သိရသည်။ မောင်းသူမဲ့ လေယာဉ် အမျိုးအစား ရှိပါက လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် စာရင်းရေးသွင်း ရမည်ဖြစ်ပြီး အများပြည်သူ သိစေရန် ကြေညာ ပေးသွားမည်ဟု သိရသည်။

အဆိုပါ စာရင်းသွင်းခြင်း အပိုင်းနှင့် နေရာချမှတ်မှု များကို ယခုနှစ် အတွင်း စတင် အကောင်အထည် ဖော် လုပ်ဆောင် သွားမည်ဟုသိရသည်။ မောင်းသူမဲ့ လေယာဉ်ကို အပျော်တမ်း သဘောအရ အသုံးပြုခြင်းနှင့် လုပ်ငန်းသဘော အရ အသုံးပြုခြင်း ဟူ၍ အသုံးပြုခြင်း နှစ်မျိုးရှိပြီး ယခုအခါ အပျော်တမ်း မောင်းနှင်သူများ အတွက် နေရာသီးသန့် စီစဉ်ပေးခြင်း ဖြစ်သည်။

လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် အပျော်တမ်း မောင်းသူမဲ့ လေယာဉ် အသုံးပြုခြင်းကို တားမြစ်ထားမှု မရှိသော်လည်း ပျံသန်းမှု၌ စနစ်တကျ ရှိစေရေး အတွက် ထိန်းချုပ်သည့် အနေဖြင့် နေရာချမှတ် ပေးရန် စီစဉ်ရခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment