Pages

Thursday, September 10, 2015

ပုဂံဒေသရှိ စေတီများအနက် အရေးပေါ် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ဘုရားများ၏ အခြေအနေကို ကွင်းဆင်းစစ်ဆေး သွားမည်



ညောင်ဦး ၊ ၁၀-၉-၂၀၁၅

ပုဂံဒေသရှိ ဘုရား၊ စေတီများအနက် အရေးပေါ် ပြုပြင် ထိန်းသိမ်းရန် လိုအပ်သော ဘုရားများ၏ အခြေအနေကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ပြင်ပ ပညာရှင်များ ပူးပေါင်း၍ မကြာမီ ကွင်းဆင်း လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ပထမတစ်ကြိမ် ကတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ဗိသုကာအသင်း နဲ့ ကျွန်တော်တို့တွေ သွားကြည့်ပြီးပြီ။ နောက်တစ်ခါ ထပ်သွားကြည့် ပါမယ်။ ပြီးရင် အရင် တစ်ပတ်က တွေ့ရှိချက်နဲ့ ဆောင်ရွက်ချက် အပေါ် မူတည်ပြီး အားသာချက်၊ အားနည်းချက် ကို နှိုင်းယှဉ်ပြီး အလုပ်လုပ် သွားမယ်'' ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှေးဟောင်း အဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေး စိစစ်ရေး အဖွဲ့ကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ဖြင့် ဖွဲ့စည်းထားပြီး နှစ်ကာလ ကြာရှည်မှုကြောင့် ဘုရားများ၏ အတွင်းပိုင်း ပျက်စီးယိုယွင်း မှုများကို ပညာရှင်များက ပူးပေါင်း စစ်ဆေးကာ ထိန်းသိမ်းမှု များကို ဦးစားပေး အဆင့်အလိုက် လုပ်ဆောင် နေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ပုဂံဒေသတွင် ရှေးဟောင်း စေတီ ၁၇၄၅ ဆူ ၊ ဘုန်းတော်ကြီး ကျောင်း အုတ်တိုက် ၄၃၂ ကျောင်း အပါအဝင် စုစုပေါင်း အဆောက်အအုံ ၃၁၂၂ လုံး ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ 

ပြီးခဲ့သည့် သြဂုတ် ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၉ ရက်တွင် အောက်ခြေပန္နက် ပေ ၂ဝ ရှိသည့် ဘုရားအမှတ် (၁၇၅၂) ပြိုကျ သွားခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment