Pages

Monday, September 14, 2015

အောက်တိုဘာလ တတိယပတ်မှစတင်၍ ချောင်းသာနှင့် ငွေဆောင်ဟိုတယ်ဇုန် များမှ ဟိုတယ်အားလုံး ပြန်လည်ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၄-၉-၂၀၁၅

အောက်တိုဘာလ တတိယပတ်မှ စတင်၍ ချောင်းသာနှင့် ငွေဆောင် ဟိုတယ်ဇုန်များရှိ ဟိုတယ်များ အားလုံး ပြန်လည်ဖွင့်လှစ် နိုင်တော့မည် ဖြစ်ကြောင်း ဟိုတယ်ဇုန် လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

လက်ရှိတွင် ချောင်းသာနှင့် ငွေဆောင် ဟိုတယ်ဇုန် အတွင်းရှိ ဟိုတယ် အများစုမှ လုပ်ငန်း အဆင့်မြှင့်တင်ခြင်း၊ ဟိုတယ်ဇုန် အတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင် ခြင်းနှင့် ရေကူးကန်များ ပြန်လည် ဆောက်လုပ်ခြင်း များကို လုပ်ကိုင် လျက်ရှိပြီး ဟိုတယ်များ၏ ၅ဝ ရာခိုင်နှုန်းခန့်သာ လာရောက် တည်းခို နေနိုင်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ပထမပတ် အတွင်း ဟိုတယ် အဆင့် မြှင့်တင်ခြင်း၊ အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း၊ ရေကူးကန်များ ပြန်လည် ဆောက်လုပ်ခြင်းများ အပြီးသတ် လုပ်ကိုင်သွားရန် ပြင်ဆင်နေပြီး အပန်းဖြေ လာရောက် လည်ပတ်သူများ အနေဖြင့် အောက်တိုဘာလ တတိယပတ်မှ စတင်၍ ဟိုတယ်များ အားလုံးကို ငှားယူ အပန်းဖြေ နိုင်ပြီဖြစ်သည်။

''မေလ နောက်ပိုင်းဆိုရင် ကမ်းခြေမှာ အပန်းဖြေ ခရီးသွား တော်တော်နည်း သွားပြီ။ ဇူလိုင်နဲ့သြဂုတ် လထဲမှာဆိုရင် လာရောက် လည်ပတ်တဲ့သူ မရှိသလောက်ကို နည်းတယ်။ အဲဒီအတွက် ဟိုတယ်တွေ အားလုံးကို မဖွင့်ဘူး။ ဖွင့်တဲ့ ဟိုတယ်တွေ ဆိုရင်တောင် Second Sea View လောက်ကိုပဲ ဖွင့်တာ။ ဒီလထဲမှာ ဆိုရင်တော့ အခန်းအများစု ပြန်လည် ဖွင့်လှစ် နေနိုင်ပါပြီ'' ဟု ချောင်းသာ ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ တို့အတွင်း ငွေဆောင် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ၏ ၇ဝ ရာခိုင်နှုန်းကျော်ကို အသုံးပြုဦးမည် မဟုတ်ဘဲ အောက်တိုဘာ လကုန်ပိုင်း မှသာ ဟိုတယ်များ အားလုံးနီးပါး ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ပင်လယ်ကမ်းခြေ ဒေသများရှိ ဟိုတယ်ဇုန် များကို လာရောက် လည်ပတ်သူများ ပြန်လည် များပြားသည်မှာ နိုဝင်ဘာလ အတွင်း ဖြစ်ခြင်းကြောင့် အပန်းဖြေ ခရီးသွား လုပ်ငန်းမှ ကမ်းခြေ ဖွင့်ပွဲရာသီ အဖြစ် သတ်မှတ်ကြခြင်း လည်း ဖြစ်သည်။ (ထက်နေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment