Pages

Sunday, September 6, 2015

ရှမ်းပြည်နယ်အတွင်း တားမြစ်ထားသော ပိုးသတ်ဆေးများ ရောင်းချခြင်းကို တွေ့ရှိခဲ့ပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်


တောင်ကြီး ၊ ၆-၉-၂၀၁၅

ရှမ်းပြည်နယ် အတွင်းရှိ တောင်သူများ သုံးစွဲလျက် ရှိသော ပိုးသတ်ဆေး များတွင် တားဆီးပိတ်ပင် ထားသည့် ပိုးသတ်ဆေးများ တွေ့ရှိခဲ့ပါက တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

ပိုးသတ်ဆေး ရောင်းချခွင့် လိုင်စင်များအတွက် ကျွမ်းကျင် သင်တန်းများ ပေးကာ ရောင်းချခွင့် လိုင်စင်များ ထုတ်ပေးခြင်း၊ ရောင်းချလိုသည့် ဆိုင်များက ရောင်းချခွင့် လျှောက်လွှာတင် ရာ၌ ပြန်လည် စိစစ်ကာ လက်လီဖြစ်စေ၊ လက်ကားဖြစ်စေ အဆိုပါဆိုင် များအား ရောင်းချခွင့် လိုင်စင် ထုတ်ပေးခြင်း၊ ရောင်းချရာ၌ တင်သွင်းသည့် ပိုးသတ်ဆေး၏ ဓာတုဗေဒ အမည် Chemical Name၊ ကုန်သွယ်အမည် Trade Name၊ ပါဝင် အဆိပ်ပစ္စည်း အမည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထား သည့် အဆိပ်ပါဝင်မှု အဆင့်အတန်း၊ ဆေးအသားတင် ပါဝင်မှု ရာခိုင်နှုန်း၊ အာနိသင်မဲ့ ပါဝင်မှု ရာခိုင်နှုန်း၊ မူရင်း ထုတ်လုပ်နိုင်ငံ၊ တင်သွင်းသည့် ကုမ္ပဏီ၊ သုံးစွဲရမည့် နှုန်းထား၊ ပိုးသတ်ဆေး အမျိုးအစား (ထိသေ၊  စားသေ၊ ထိုးစိမ့်ဝင်၊ ချဉ်းစိမ့်ပြန့်အား) အစ ရှိသည်တို့ကို မြန်မာဘာသာ ပြန်ပြီး သတ်မှတ် ဥပဒေနှင့် ကိုက်ညီ မှသာလျှင် တင်သွင်းရောင်းချ ခွင့်ပြုကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပိတ်ပင်တားဆီး ထားသည့် ဆေးများ တင်သွင်း ရောင်းခြင်းကို တွေ့ရှိခဲ့ပါက ပထမအဆင့် အနေ ဖြင့် နမူနာ သိမ်းယူခြင်း၊ ပညာပေး ဆွေးနွေးခြင်းနှင့် လိုက်နာမှု မရှိသည့် လက်လီလက်ကား အရောင်း ဆိုင်များနှင့် တင်သွင်းသည့် ကုမ္ပဏီ များကို အကြိမ်ကြိမ် သတိပေးခြင်း များ ဆောင်ရွက်ကာ လက်ကျန် ပစ္စည်းသိမ်းယူခြင်း အပြင် ပိုးသတ်ဆေး ဥပဒေအမှတ် ၄၃ အရ တင်သွင်းရောင်းချ သူအားလုံးကို ထိ ရောက်စွာ အရေးယူ သွားမည် ဖြစ် ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

No comments:

Post a Comment