Pages

Friday, September 4, 2015

ချင်းတွင်းမြစ်ရေ ထပ်မံမြင့်တက် လာမှုကြောင့် ရေယာဉ်ပြေးဆွဲခြင်းများ ယာယီရပ်နားမည်



စစ်ကိုင်း ၊ ၄-၉-၂၀၁၅

ချင်းတွင်းမြစ်သည် စစ်ကိုင်းတိုင်း ဒေသကြီး ၏ ဗဟိုချက် နေရာတွင် မြောက်မှ တောင်သို့ စီးဆင်းလျက် ရှိသည်။ အဆိုပါ မြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လကုန် နှင့် သြဂုတ် လဆန်းပိုင်း က တစ်ကြိမ်မြင့်တက် လာပြီးနောက် စက်တင်ဘာ ၃ ရက်မှစတင်၍ နောက်တစ်ကြိမ် ထပ်မံမြင့်တက် လာခဲ့သဖြင့် ၄င်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များ၏ စိုးရိမ် ရေမှတ်သို့ ကျော်လွန် ရာက်ရှိ နေသည့်အတွက် စက်တင်ဘာ ၅ ရက်မှ စတင်၍ သုံးရက်ကြာ ရေယာဉ် ပြေးဆွဲခြင်းများ ယာယီရပ်နား ထားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရစက) ရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

''သုံးရက်ကြာ ပြေးဆွဲခွင့် ယာယီရပ်နား ထားမယ်ဆိုတာ မြစ်ရေ အတက်အကျပေါ် မူတည်ပြီး ရက် အကန့်အသတ် ဟာလဲ ပြောင်းလဲ နိုင်ပါတယ်'' ဟု အဆိုပါရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

ချင်းတွင်း မြစ်ကြောင်းသွား ရေယာဉ်ကြီးများ ကုန်တင် ရပ်နားရာ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၏ စိုးရိမ်ရေမှတ် ၁ဝဝဝ စင်တီမီတာသို့ ရောက်ရှိလာ ပါက ရေယာဉ် ပြေးဆွဲခွင့်များကို ယာယီရပ်နား ထားမှုများ ရှိခဲ့သည် ထိုသို့ ရပ်နားထား ရခြင်းမှာ ရေယာဉ် အန္တရာယ် မဖြစ်ပေါ်စေရေး နှင့် ခရီးသွား ပြည်သူများ၏ အသက်အန္တရာယ် မထိခိုက်စေရန် အတွက် ဖြစ်ကြောင်း သိရသည်။

ချင်းတွင်း မြစ်ကြောင်း၌ ကုန်စည်နှင့် ခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုလျက် ရှိသော နိုင်ငံပိုင် ရေယာဉ် အစီး ၃ဝ၊ နောက်တွဲ ရေယာဉ် ၁၆ စီး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိက ကုန်တင်ရေယာဉ် ၅၃ စီး၊ ခရီးသည်တင် ရေယာဉ်အစီး ၁၁ဝ ၊ စက်မဲ့ ဆီတွဲယာဉ် ရှစ်စီး၊ တွဲတွန်း၊ တွဲဆွဲရေယာဉ် ၁၉ စီး၊ မြင်းကောင်ရေ ၂ဝ အထက်ရေယာဉ် ၉၁ စီး၊ မြင်းကောင်ရေ ၂ဝ အောက် ရေယာဉ် ၆၇၉ စီး စုစုပေါင်းေ ရယာဉ် အစီး ၉၆ဝ တို့ကို ချင်းတွင်းမြစ်ကြောင်း အတွင်း နေ့စဉ် အလှည့်ကျ စနစ်ဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment