Pages

Tuesday, September 1, 2015

ရင်သားကင်ဆာ ဖြစ်ပွားနေသူများ အခမဲ့ ဆေးသွင်း ကုသမှုနှင့် ဆီလီကွန်အတွင်းခံအင်္ကျီများ ရယူနိုင်


ရန်ကုန် ၊ ၁-၉-၂၀၁၅

ရင်သားကင်ဆာ ရောဂါကြောင့် ခွဲစိတ် ကုသမှုခံယူ ထားသူများနှင့် ရောဂါဖြစ်ပွား နေသူများအား ရွှေရောင်နှင်းဆီ ဖောင်ဒေးရှင်း မှ အခမဲ့ဆေးသွင်း ကုသမှုနှင့် အတူ ဆီလီကွန်ဖြင့် ရင်သားအတု ထည့်သွင်း ချုပ်ထားသော အတွင်းခံ အင်္ကျီများကို တစ်ဦးလျှင် တစ်ထည်နှုန်း အခမဲ့ရယူ နိုင်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်း သည် ပြင်ပလူနာ ကင်ဆာဆေးသွင်း ဌာနကို အမှတ်(၁၈၅) ဗိုလ်မြတ်ထွန်းလမ်း (အလယ်ဘလောက်) ဗိုလ်တထောင် မြို့နယ်၌ ဖွင့်လှစ် ထားသည်။

ထို့အပြင် ချို့တဲ့သော ဝေဒနာရှင်များ၊ ကင်ဆာရောဂါ စတင်ဖြစ်ပွား သူများနှင့် ဆေးသွင်း ကုသမှုကို ခံယူနိုင်သည့် အခြေအနေ ရှိသူများအား မည်သည့် ထောက်ခံချက်မှ မလိုဘဲ ကုသနိုင်ကြောင်း သိရသည်။ ယင်းသို့ ကုသပေးရာတွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ သတ်မှတ် ထားသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အသုံးပြုသည့် ဆေးဝါးများဖြင့် ကုသပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး ၌ အမျိုးသမီးများ ကင်ဆာရောဂါ ဖြစ်ပွားမှုတွင် ရင်သားကင်ဆာ ရောဂါသည် အများဆုံး ဖြစ်ပွားလျက် ရှိပြီး ရင်သားခွဲစိတ် ပြီးပါက ဆေးသွင်းကာ ဓာတ်ရောင်ခြည် နှင့် ဟိုမုန်းဆေးဖြင့် ဆက်လက်ကုသ ရသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အမျိုးသမီးများ ရင်သားကင်ဆာ နှင့် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနှုန်းမှာ မြင့်မားလျက် ရှိပြီး ရင်သားကင်ဆာ ဖြစ်ပွားသူ ဦးရေမှာ နှစ်စဉ်များပြား လျက်ရှိသည်။ ယင်းရောဂါ သည် စောစောသိပြီး အချိန်မီ ကုသနိုင်လျှင် ပျောက်ကင်းရန် ရာခိုင်နှုန်း များကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment