Pages

Tuesday, August 4, 2015

ရေဘေးသင့် ပြည်သူများအတွက် မိသားတစ်စု သုံးစရာပစ္စည်း Set အလိုက်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၌ ဝယ်ယူလှူဒါန်းနိုင်


ရန်ကုန် ၊ ၄-၈-၂ဝ၁၅

ရေဘေးသင့် ပြည်သူများ အတွက် လိုအပ်သော အသုံးအဆောင် မျိုးစုံကို လှူဒါန်း လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၌ Set အလိုက်ဝယ်ယူ လှူဒါန်း နိုင်ကြောင်း သိရသည်။

ယခုအခါ ရေဘေးသင့် ပြည်သူများ အတွက် လှူဒါန်းသူ များမှာ အဝတ်အစား လှူဒါန်းသူ များပြားနေပြီး တခြားသော လူသုံး ကုန် ပစ္စည်းများလည်း လိုအပ်လျက် ရှိသည်။ ယင်းကဲ့သို့ မိသားစုတစ်စု သုံးစရာပစ္စည်း များကို Set အလိုက် လှူဒါန်းလို သူများ အနေဖြင့် Family Kit Set နှင့် Hygiene Kit Set ဟူ၍ နှစ်မျိုး သတ်မှတ် ထားရှိသည်။

Family Kit Set တွင် ပလတ်စတစ်ပုံး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ နိုင်လွန်ကြိုး၊ ချုပ်ပြီး အမျိုးသမီးဝတ် လုံချည်၊ ကလေးဝတ် အင်္ကျီ၊ တူ၊ ကလေးဝတ် ဘောင်းဘီ၊ မိန်းကလေးဝတ် စကက်၊ မိန်းကလေးဝတ် အင်္ကျီ၊ တာပေါ်လင်စ နှစ်ခု၊ စောင်နှစ်ထည်၊ ခြင်ထောင် တစ်ထည်တို့ ပါဝင်ပြီး တန်ဖိုးမှာ ကျပ် ၈၅ဝဝဝ ဖြစ်ကြောင်း၊ Hygiene Kit Set တွင် ရေသန့်ဘူးကြီး၊ အဖုံးပါသော ရေပုံး၊ လက်သည်းညှပ်၊ အမျိုးသမီး လစဉ်သုံး ပစ္စည်း နှစ်ထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ ငါးစုံ၊ ချည်ပဝါ ငါးထည်၊ ရေချိုးဆပ်ပြာခဲ ငါးခဲ၊ ဆပ်ပြာခွက် ငါးခွက်၊ အဝတ်လျှော် ဆပ်ပြာခဲ ငါးခဲ၊ တစ်သျှူး ငါးလိပ်၊ ဆပ်ပြာမှုန့် ၅ဝဝ ဂရမ် ၊ ခေါင်းလျှော်ရည် တစ်ဘူး၊ သောက်ရေခွက် နှစ်ခွက်၊ ဘီးတစ်ချောင်း၊ မှန်၊ ရေသန့် ဆေးပြား ၃ Strips (1 Strip = 10 Tablets) ၊ ဂျုတ် ငါးခု တို့ပါဝင်ပြီး တန်ဖိုးမှာ ကျပ် ၂၅ဝဝဝ တို့ဖြစ်ကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများ လိုအပ်လျက် ရှိနေသော ပစ္စည်းများကို စုံစုံလင်လင် လှူဒါန်း လိုသူများ အနေဖြင့် ICRC ဖုန်း - ဝ၁- ၃၈၃၆၈ဝ သို့ ဆက်သွယ် လှူဒါန်းနိုင်ပြီး Volunteer လုပ်ချင်သူများ အနေဖြင့်လည်း ဆက်သွယ် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily
#‎SaveMyanmar‬
‪#‎MyanmarFlood‬
‪#‎SupportMyanmar‬
‪#‎PrayforMyanmar‬

No comments:

Post a Comment