Pages

Thursday, August 27, 2015

ကမ္ဘာတစ်ဝန်း ပျား အရေအတွက် လျော့နည်းလာမှုကို သုတေသီများက Intel ချစ်ပ်သုံး၍ စမ်းသပ်



ဝါရှင်တန် ၊ ၂၇-၈-၂၀၁၅

စာပို့ တံဆိပ်ခေါင်း အရွယ်သာ ရှိသော Intel ကွန်ပျူတာ ချစ်ပ်ပြားလေးကို ပျားများ၏ ကျောပေါ်တွင် ထားရှိကာ ကမ္ဘာတစ်ဝန်း ပျားများ အရေအတွက် လျော့နည်း လာခြင်းကို သြစတြေးလျ သုတေသီ များက စမ်းသပ် လေ့လာလျက် ရှိကြောင်း သိရသည်။

အမေရိကန် နိုင်ငံရှိ ပျားများ၏ ကိုလိုနီအဖြစ် သတ်မှတ် ထားသော နေရာ ငါးနေရာအနက် နှစ်နေရာရှိ ပျားများမှာ ပြီးခဲ့သော နှစ်က သေဆုံးမှု ဖြစ်ပွားခဲ့ ရသည်။ ၂ဝ၁၄ ခုနှစ် ဧပြီလ နောက်ပိုင်း ၄င်းပျားများ၏ ကိုလိုနီ နေရာ ၄၂ ဒသမ ၁ ရာခိုင်နှုန်း ပျောက်ကွယ် သွားပြီး ကိုးနှစ်အတွင်း ဒုတိယမြောက် ဆုံးရှုံးမှု အများဆုံး ဖြစ်ကြောင်း အမေရိကန် လယ်ယာ စိုက်ပျိုးရေး ဌာန အပါအဝင် ဂျော်ဂျီယာ တက္ကသိုလ် မှ ကောက်ယူခဲ့သော သုတေသနပြုချက်အရ သိရသည်။

ယခုကဲ့သို့ ပျားများ၏ ကျောဘက်တွင် Intel ချစ်ပ်ပြားလေး ထားရှိခြင်းဖြင့် ပျားများတွင် ရရှိလာသော ရောဂါများကြောင့် ဝတ်မှုန်ကူးမှု၊ ရေထု ညစ်ညမ်းမှု၊ အစားအစာ နှင့် ပြင်းထန်သော ရာသီဥတု များက ပျားများ၏ လှုပ်ရှားမှုနှင့် ဝတ်မှုန်ကူးမှု စွမ်းရည်များ ကျဆင်းလာမှု များကို လေ့လာနိုင်မည် ဖြစ်ကြောင်း CSIRO မှပါမောက္ခ ပေါလ်လိုဒီဆိုဇူ က ရှင်းပြသည်။

ပျားများ သေဆုံးမှု အရေအတွက် များပြား လာခြင်း၏ အဓိက အကြောင်းရင်း များကို စုံစမ်းလေ့လာ နိုင်မည်ဖြစ်သည်။ မည့်သည့် အတွက်ကြောင့် ပျောက်ကွယ်လာ ရသည်ကို အဖြေမသိရှိ ရသေးကြောင်း နှင့် အရေးပေါ် လုပ်ကိုင်ရန် လိုအပ်နေပြီ ဖြစ်ပြီး တစ်ကမ္ဘာ လုံးရှိ ပျားများ၏ ကျန်းမာရေးကို နှိုင်းယှဉ် လေ့လာနိုင်မည် ဖြစ်သည်။

Intel Edison Breakout Boart Kit မှ ထုတ်လုပ် ထားရှိသည့် စာပို့ တံဆိပ်ခေါင်း အရွယ် ဆင်ဆာချစ်ပ်ပြား လေးများကို ကမ္ဘာလုံး ဆိုင်ရာ ပျားများ ကျန်းမာရေး အဖွဲ့ကြီး (GIHH) က အစီအစဉ် တစ်ရပ်အဖြစ် CSIRO မှ ပျားသုတေသီ များသို့ ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

#Yadanarpondaily

No comments:

Post a Comment