Pages

Tuesday, August 25, 2015

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း Gotanba မြို့အနီးတွင် ကျင်းပပြုလုပ်သော Fuji Fire Power Exercise (2015) သို့ တက်ရောက် လေ့လာ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ဂျပန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီး Mr. Gen Nakatani က ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

Fuji Fire Power Exercise (2015) လေ့ကျင့်နေမှုကို တွေ့ရစဉ်

Fuji Fire Power Exercise (2015) လေ့ကျင့်နေမှုကို ဂျပန်ပြည်သူများ ကြည့်ရှု လေ့လာစဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၅

ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ် ၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သြဂုတ် ၂၃ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် Gotanba မြို့အနီး ဖူဂျီတောင်ခြေ ရှိ လေ့ကျင့်ရေး ကွင်းတွင် ကျင်းပ ပြုလုပ်သော Fuji Fire Power Exercise (2015) သို့ တက်ရောက် လေ့လာ ကြည့်ရှုသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အရာရှိကြီးများ၊ ဂျပန်နိုင်ငံတွင် လေ့လာရေးခရီး ရောက်ရှိ နေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်ကျော်ဇော ဦးဆောင်သော အရာရှိကြီးများ တက်ရောက် ကြည့်ရှု လေ့လာကြသည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့မှ Major General Harada လိုက်ပါ၍ လေ့ကျင့်ခန်း နေရာသို့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိသည်။

အဆိုပါ လေ့ကျင့်ခန်းအား ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Mr. Gen Nakatani က အဖွင့် အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးသည်။ လေ့ကျင့်ခန်း ၏ ပထမပိုင်းတွင် ခြေလျင် နှင့် လက်ရုံး တပ်ဖွဲ့များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် များ၏ ပစ်အားများကို သရုပ်ပြသ ခဲ့သည်။

ဒုတိယပိုင်းအား လေ၊ ကြည်း ပူးပေါင်း စစ်ဆင်ရေး ခေတ်သစ်စစ် သဘောတရား များအား အခြေခံ၍ ကျည်စစ် ကျည်မှန်များဖြင့် လေ့ကျင့်ခန်း များအလိုက် ပစ်ခတ်ခြင်း ဆောင်ရွက် ခဲ့သည်။

Fuji Fire Power  Exercise (2015) လေ့ကျင့်ခန်းတွင် စစ်သည် ၃၃၇၄ ဦး၊ တင့် ၂၇ စီး၊ သံချပ်ကာ ၅၅ စီး၊ စိန်ပြောင်း ၆ဝ လက်၊ ပဲ့ထိန်းဒုံးကျည် ၁၈ စင်း၊ လေယာဉ်/ ရဟတ်ယာဉ် ၂ဝ စင်း ပါဝင်ခဲ့ပြီး ခဲယမ်း ၃၆ မက်ထရစ် တန် (တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂ဝ မီလီယံ) အသုံးပြု ခဲ့သည်။ ၄င်းလေ့ကျင့်ခန်း အား ၁၉၆၆ ခုနှစ်မှ စတင်၍ ဂျပန်ပြည်သူ လူထုက ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့အပေါ် ယုံကြည်မှုနှင့် နားလည်မှုကို တိုးမြှင့် နိုင်စေရန် ပြည်သူများအား ဖိတ်ကြား ပြသခဲ့ခြင်းဖြစ်ပြီး ယခု လေ့ကျင့်ခန်း ၌လည်း ပြည်သူလူထု ခြောက်သောင်း ကျော် တက်ရောက် လေ့လာကြည့်ရှု ခဲ့ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ပြန်လည် ထွက်ခွာရာ တာဝန်ရှိ အရာရှိကြီး များနှင့် ပစ်အား သရုပ်ပြပွဲသို့ တက်ရောက် လာသော ပြည်သူများက နှုတ်ဆက် ခဲ့ကြပြီး တည်းခိုရာ ဟိုတယ်သို့ ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၅ မိနစ်တွင် ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment