Pages

Wednesday, August 5, 2015

မြန်မာနိုင်ငံ၌ ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်


ရန်ကုန် ၊ ၅-၈-၂၀၁၅

မြန်မာနိုင်ငံ၌ ပထမ ဆုံးသော ပုဂ္ဂလိက ဆေးတက္ကသိုလ် တစ်ခု ဖွင့်လှစ်နိုင်ရန် ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်း များမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ တွင် စတင်ဖွင့်လှစ် နိုင်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက ဆေးတက္ကသိုလ် အား အကောင် အထည်ဖော်ရန် မြန်မာနိုင်ငံရှိ Victoria University College (VUC) နှင့် ပြည်ပနိုင်ငံ များမှ တက္ကသိုလ် သုံးခုတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ၄င်း ဆေးတက္ကသိုလ် တွင် နိုင်ငံတကာ အသိအမှတ်ပြု ဆေးပညာ ဘာသာရပ် ဘွဲ့သင်တန်းများ ဖွင့်လှစ် သင်ကြား ပို့ချရန် စီစဉ်ထားကြောင်း Victoria University College (VUC) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် Victoria University College ၌ ဆေးပညာ ဆိုင်ရာ အဆင့်မြင့် ဒီပလိုမာဘွဲ့ ပေးအပ်သည့် Higher National Diploma (HND) သင်တန်းများ ဖွင့်လှစ်သင်ကြား လျက်ရှိပြီး သင်တန်း ပြီးဆုံးပါက ဆေးပညာ ဆိုင်ရာ လုပ်ငန်းခွင် များတွင် အလုပ်ဝင်ရောက် လုပ်ကိုင် နိုင်ကြောင်း၊ ထို့အပြင် HND ရရှိထား သူများသည် နိုင်ငံတကာရှိ ဆေးတက္ကသိုလ် များ သို့မဟုတ် Victoria University College မှ ဖွင့်လှစ်မည့် ပုဂ္ဂလိက ဆေးတက္ကသိုလ် တို့၌ ဆေးပညာ ဆိုင်ရာ ဒီဂရီဘွဲ့ သင်တန်းများသို့ ဆက်လက် တက်ရောက် နိုင်ကြောင်း သိရသည်။

ထိုသို့ တက်ရောက် ရာတွင် HND ရရှိပြီး သူများသည် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ B.Sc(Hons.) ဘွဲ့ ရယူလိုပါက တစ်နှစ်ထပ်မံ တက်ရမည် ဖြစ်ပြီး M.B.B.S ဆေးပညာဘွဲ့ကို နောက်ထပ် လေးနှစ် ဆက်တက်၍ ရယူနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပညာရေး ဥပဒေမူကြမ်း အရ ပုဂ္ဂလိက ကျောင်းများသည် ယခင်ကထက် လုပ်ပိုင်ခွင့်များ ပိုမို ရရှိလာမည် ဖြစ်ရာ ဒီဂရီဘွဲ့ အပ်နှင်းခွင့် ရှိသော ပုဂ္ဂလိက တက္ကသိုလ် များလည်း ပိုများ လာနိုင်ကြောင်းနှင့် လက်ရှိတွင် နိုင်ငံတကာ ဆေးတက္ကသိုလ် များမှ M.B.B.S ဘွဲ့ ရရှိထားသူများကို သက်ဆိုင်ရာမှ အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခိုင်းပြီး နောက် အောင်မြင်သူ များကို ဆမ လက်မှတ်များ ထုတ်ပေးကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment