Pages

Thursday, August 20, 2015

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၌ ၁၂ ထပ်လူနာဆောင် အသစ် တည်ဆောက်မည် ဖြစ်၍ ယခင်လျာထားသည့် လူကူး ခုံးကျော်တံတား တည်ဆောက်တော့မည် မဟုတ်



ရန်ကုန် ၊ ၂၀-၈-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး လသာမြို့နယ် ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန နှင့် ဦးနှောက်နှင့် အာရုံကြော ဌာနသို့ လူနာများ သယ်ပို့ သွားလာရေး လွယ်ကူ အဆင်ပြေ စေရန်အတွက် လူကူး ခုံးကျော် တံတား တစ်ခု တည်ဆောက်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ လျာထား ခဲ့သော်လည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ၁၂ ထပ် လူနာဆောင် အသစ် တည်ဆောက်မည် ဖြစ်ရာ အဆိုပါ လူကူးခုံးကျော် တံတား တည်ဆောက် တော့မည် မဟုတ်ကြောင်း သိရသည်။

၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပင်မဆောင် ဘက်၌ ၁၂ ထပ် လူနာဆောင်သစ် တစ်ခု ထပ်မံ တည်ဆောက်ရန် စီစဉ်ပြီး ဖြစ်သောကြောင့် ယင်းလူနာဆောင် ထိန်းသိမ်းသည့် အခါ ဗိုလ်ချုပ်
လမ်းမကြီး ဘက်ရှိ ဦးနှောက်နှင့် အာရုံကြော ဌာနမှ လူနာများ၊ ရိုးရိုးဆောင်ရှိ ခွဲစိတ်လူနာ များမှအပ ကျန်လူနာ များကို ၁၂ ထပ်ဆောင် သို့ ပို့ဆောင် ပေးမည် ဖြစ်သဖြင့် လူနာများ သယ်ပို့ရန် ဆက်သွယ်မည့် လူကူးခုံးကျော် တံတား တည်ဆောက်ရန် မလိုအပ်သည့် အတွက် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ခုံးကျော်တံတား တည်ဆောက် တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး နှင့် ရန်ကုန် မြို့တော်ဝန် တို့က ပြောသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကင်ဆာလူနာ ဌာန ငါးထပ်ဆောင် ဆောက်လုပ်ခြင်း၊ အရာထမ်းများ အတွက် အိမ်ရာ ( 4 units 10 storey) တည်ဆောက်ခြင်း၊ ဒလ ကျန်းမာရေး ဝန်ထမ်းအိမ်ရာ (ရှစ်ခန်းတွဲ လေးထပ်) နှစ်လုံး တည်ဆောက်ခြင်း၊ Mortuary သုံးထပ် အဆောက်အအုံ ဆောက်လုပ်ခြင်း နှင့် ဗိုလ်ချုပ်လမ်း ဖြတ်ကျော် ပေါင်းကူး တံတား တည်ဆောက်ခြင်း တို့အတွက် စုစုပေါင်းကျပ် ၆၂၂၃၂ သိန်းကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေမှ သုံးစွဲရန် ကျန်းမာရေး ဝန်ကြီးဌာနမှ လျာထား ဆောင်ရွက်ခဲ့ သော်လည်း ယခုအခါ အရေးပေါ် ဌာနနှင့် ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ဆက်သွယ် မည့် လူကူးခုံးကျော် တံတားကို တည်ဆောက် တော့မည် မဟုတ်ကြောင်း သိရသည်။

ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ဒုတိယ ကမ္ဘာစစ် အပြီးတွင် ခုတင်- ၅၄၆ ဆံ့ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင်- ၁၅ဝဝ ဆံ့ဆေးရုံ အဖြစ် အထူး ဆေးကုသ ဆောင်များ ကိုလည်းကောင်း ဆောက်လုပ် ဖွင့်လှစ် ခဲ့သည်။

ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၌ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဝန်ဆောင်မှုများ တိုးမြှင့်ခြင်း နှင့် လူနာများ စိုက်ထုတ် သုံးစွဲ ကုန်ကျစရိတ် လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့် ရရှိစေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment