Pages

Saturday, August 22, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆာဟိရှင်ဘွန်း သတင်းဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာန ၊ ရန်ကုန် ဌာနခွဲမှ အကြီးအကဲ ဖြစ်သူ 
Mr. Makoto Igarashi အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၂-၈-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်း သတင်းဌာန ၊ ရန်ကုန် ဌာနခွဲမှ အကြီးအကဲ ဖြစ်သူ Mr. Makoto Igarashi အား ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံ၍ မေးမြန်းမှု များကို ပြန်လည် ဖြေကြား ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ့ နိုင်ငံရေး နှင့် တပ်မတော်၏ အခန်းကဏ္ဍ ၊ မကြာမီ ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲ ကာလအလွန် အခြေအနေများ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တို့၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးဒဏ်များ တွင် တပ်မတော်မှ ပါဝင်ဆောင်ရွက် နေမှု အခြေအနေများ၊ မြန်မာ့ တပ်မတော်နှင့် နိုင်ငံတကာ တပ်မတော်များ၏ ဆက်ဆံရေး အခြေအနေ များနှင့် စပ်လျဉ်း၍ မေးမြန်းမှုများ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သဘောထား အမြင်များအား ရှင်းလင်း ပြောကြားခဲ့သည်။

အဆာဟိရှင်ဘွန်း သတင်းစာသည် ဂျပန်နိုင်ငံတွင် ရှေးအကျဆုံး ပုဂ္ဂလိက သတင်းစာ တစ်ခုဖြစ်ပြီး ပထမဆုံး သတင်းစာကို ၁၈၇၉ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အိုဆာကာမြို့၌ စတင် ထုတ်ဝေခဲ့ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး တွင် ရုံးခွဲ ၂၉ ခုဖွင့်လှစ် ထားရှိပြီး လက်ရှိ နေ့စဉ် နံနက်ပိုင်း သတင်းစာ ၇ ဒသမ ၇ သန်းနှင့် ညနေပိုင်း သတင်းစာ ၂ ဒသမ ၉ သန်း ထုတ်ဝေလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment