Pages

Tuesday, August 4, 2015

ကလေးမြို့သို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်နှင့် အရပ်လေယာဉ်များဖြင့် ထောက်ပံ့ ပစ္စည်းများ ထပ်မံရောက်ရှိ



နေပြည်တော် ၊ ၄-၈-၂ဝ၁၅

ကလေးဒေသမှ ရေဘေးသင့် ပြည်သူများ အတွက် နိုင်ငံတော် သမ္မတရုံး အစီအစဉ်ဖြင့် ပို့ဆောင်ပေးသည့် စောင် ၂၅ဝဝ ထည်၊ ရေထည့် ပလတ်စတစ်ပုံး ၁ဝဝဝ ပုံး၊ ပီနံအိတ်ခွံ ၁ဝဝဝဝ အပါအဝင် စားသောက် ဖွယ်ရာများ၊ WFP မှ ပေးပို့သော ထောက်ပံ့ရေး ပစ္စည်းများ၊ အခြားသော စေတနာရှင် အလှူရှင်များမှ ပေးပို့ လှူဒါန်းသော စားသောက် ဖွယ်ရာများ နှင့် လူသုံးကုန် ပစ္စည်းများသည် ယမန်နေ့တွင် တပ်မတော် လေယာဉ် နှစ်စင်း၊ ရဟတ်ယာဉ် နှစ်စင်းနှင့် အရပ်လေယာဉ် ခုနစ်စင်း တို့ဖြင့် ကလေးမြို့သို့ ထပ်မံရောက်ရှိ လာရာ နယ်မြေခံ တပ်မတော်သား များနှင့် ပရဟိတ အဖွဲ့အစည်းများက ရောက်ရှိ လာသည့် ထောက်ပံ့ ပစ္စည်းများကို တပ်မတော်မှ မော်တော်ယာဉ် များဖြင့် ကယ်ဆယ်ရေး စခန်းများသို့ ဆက်လက် သယ်ယူပို့ဆောင် ပေးခဲ့သည်။

ဆက်လက် ၍လည်း မုံရွာလေဆိပ်တွင် အသင့်ရှိပြီး ဖြစ်သည့် ထောက်ပံ့ ပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့် သယ်ယူ ပို့ဆောင် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment