Pages

▼

Thursday, August 27, 2015

ရွှေတိဂုံစေတီတော် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းတွင် ကုသိုလ်ပြု ကူညီနိုင်



ရန်ကုန် ၊ ၂၇-၈-၂၀၁၅

ရွှေတိဂုံ စေတီတော်ရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံမှု လုပ်ငန်းများ၌ နည်းပညာပိုင်း အရ အကြံပေးခြင်း ဖြင့်လည်းကောင်း ၊ ကျွမ်းကျင် လုပ်သားများ ဖြင့် အကူအညီ ပေးခြင်းတို့ဖြင့် လည်းကောင်း ကုသိုလ်ပြု ပါဝင်နိုင်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ သိရသည်။

ရွှေတိဂုံ စေတီတော် ၏ ၀တ္ထကနယ်မြေ အတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖြစ်သော စောင်းတန်း ၊ ဇရပ် ၊ ဓမ္မာရုံ တို့သည် သက်တမ်း ကြာမြင့် လာခြင်းကြောင့် လည်းကောင်း ၊ အနုပညာ လက်ရာများဖြင့် မွမ်းမံထားခြင်း ၊ အဆောက်အအုံ တစ်ခုနှင့် တစ်ခု ပူးကပ်စွာ တည်ဆောက် ထားခြင်း တို့ကြောင့် မိုးရာသီ ကာလများတွင် အနုပညာ လက်ရာများ ပျက်စီးယိုယွင်းခြင်း ၊ အမိုးများ ၊ ရေတံလျှောက် များတွင် ရေဆင်း မကောင်းခြင်း ၊ မိုးယိုခြင်း တို့ကြောင့် ယခုကဲ့သို့ ပြန်လည် ပြုပြင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး လုပ်ငန်းဌာနမှ မွမ်းမံ ဆောင်ရွက်ရာတွင် နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲ အချို့ ရှိခြင်းနှင့် ကျွမ်းကျင် လုပ်သား မလုံလောက်ခြင်း ကြောင့် အချိန်နှင့် တစ်ပြေးညီ ပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်ရန် အခက်အခဲများ ရှိနေခြင်းကြောင့် ဂေါပက အဖွဲ့မှ နှိုးဆော်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment