Pages

Tuesday, August 11, 2015

နေပြည်တော် ဥတ္တရသီရိမြို့နယ် တွင် ခုတင် ၁၀၀ ဆံ့ ကလေးဆေးရုံကြီး ဖွင့်လှစ်ရန် စီစဉ်


နေပြည်တော် ၊ ၁၁-၈-၂၀၁၅

နေပြည်တော် ဥတ္တရသီရိ မြို့နယ်ရှိ ခုတင် ၁ဝဝ ဆံ့ ကလေး ဆေးရုံကြီးကို လာမည့်နှစ်လ အတွင်း ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကလေး ဆေးရုံကြီး၏ တည်ဆောက်မှု ကုန်ကျစရိတ် ကို သီးခြား ထုတ်ပြန်ထားခြင်း မရှိသော်လည်း အထူးကု ဆေးရုံ လေးခု စလုံးရှိ အုပ်ချုပ်မှုရုံး၊ ဓာတ်ခွဲဓာတ်မှန်၊ ပြင်ပ လူနာဌာန၊ အရေးပေါ် ဌာနနှင့် လူနာဆောင် နှစ်ခု တို့၏ မွမ်းမံမှု အတွက် ကျပ် ၉ ဒသမ ၂ ဘီလီယံ သုံးစွဲထားပြီး ဆေးရုံများတွင် လိုအပ်သော စက်ကိရိယာများ တပ်ဆင်မှု အတွက် ကျပ် ၅ ဘီလီယံခန့် သုံးစွဲထားရာ စုစုပေါင်း ၁၄ ဒသမ ၂ ဘီလီယံခန့် ကုန်ကျကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ကုသရေး ဦးစီးဌာန အတွက် ယခု ဘဏ္ဍာနှစ်တွင် ခွင့်ပြု ဘဏ္ဍာငွေ စုစုပေါင်း ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်း ကို သုံးစွဲမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

နေပြည်တော်တွင် ယခုနှစ် အတွင်း ဖွင့်လှစ်ရန် တည်ဆောက်လျက် ရှိသည့် အထူးကု ဆေးရုံကြီး လေးရုံဖြစ်သည့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံ၊ ကလေး ဆေးရုံ၊ အမျိုးသမီး ဆေးရုံနှင့် အရိုးဆေးရုံ တို့အနက် အရိုး ဆေးရုံကြီးကို ဇွန်လအတွင်း ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် အထူးကု ဆေးရုံကြီး အဖြစ် ကလေး ဆေးရုံကြီးကို ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment