Pages

Tuesday, August 25, 2015

မန္တလေးဓာတ်ပုံအသင်း မှ လပတ်ပြိုင်ပွဲ ဆုရွေးချယ်



မန္တလေး ၊ ၂၅-၈-၂၀၁၅

မန္တလေး ဓာတ်ပုံအသင်း၏ လပတ် တံခွန်စိုက် ပြိုင်ပွဲ ပွဲစဉ်(၅/၂ဝ၁၅) ''သုံးထပ် ရေတံခွန်နှင့် စံပြအလှမယ်'' ဓာတ်ပုံပြိုင်ပွဲ အတွက် ဆုများ ရွေးချယ်ခြင်းကို သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီက မန္တလေးမြို့ ရတနာပုံ စူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေး ဓာတ်ပုံ အသင်းရုံးခန်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြီးတန်း ဓာတ်ပုံပြိုင်ပွဲ အတွက် မဖြူဖွေးက ကူညီ သရုပ်ပြ ပေးခဲ့ပြီး လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲ အတွက် မစုမြတ်က ကူညီ သရုပ်ပြ ပေးခဲ့ကြောင်း သိရသည်။

အကြီးတန်း ဓာတ်ပုံပြိုင်ပွဲ တွင် ပထမဆုကို သန်းထိုက်စိုက် (ခ) ဖိုးခွား၊ ဒုတိယဆုကို ကျော်ဇေယျ (Ko Steed)၊ တတိယဆုကို ထွန်းထွန်းအောင် (သဒ္ဓါ) နှင့် နှစ်သိမ့်ဆု သုံးဆုတို့ကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

လူသစ်တန်း ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုကို ထက်ဝေယံဝင်းသူ၊ ဒုတိယဆုကို ဆိုင်ဖ ၊ တတိယဆုကို ကိုစိုး (G-1) နှင့် နှစ်သိမ့်ဆု သုံးဆု တို့ကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

အကဲဖြတ် ဒိုင်လူကြီးများ အဖြစ် ဦးစောအောင်မင်း (နယူးအာရှ)၊ ဦးသိန်းဌေးမောင် (ဆွေလှသိန်း)၊ ဦးထွန်းမြင့်(ဝ)၊ ညောင်ဦး သန်းဌေး နှင့် ဦးမောင်မောင်ဦး (မန်း တက္ကသိုလ်) တို့က အကဲဖြတ် အမှတ်ပေး ခဲ့ကြောင်း သိရသည်။

ကိုကျော်ဇော (မန္တလေး)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment