Pages

Monday, August 3, 2015

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၌ အခြေခံ ဓာတ်ခွဲစမ်းသပ်မှုများ အခမဲ့ စစ်ဆေးနိုင်ရန် စီစဉ်


ရန်ကုန် ၊ ၃-၈-၂၀၁၅

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ် နှင့်ပြင်ပလူနာ အထူးကု ဌာနသို့ လာရောက်၍ ဆေးကုသ သူများအား ဆေးကုသ စရိတ် ငွေကြေး ကုန်ကျမှု သက်သာစေရန် အခြေခံ စမ်းသပ် စစ်ဆေးမှု များတွင် အခမဲ့ စစ်ဆေးပေး နိုင်ရန် ပြုလုပ်သွားမည့် အစီအစဉ်များ ရှိကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

''အရေးပေါ်နဲ့ ပြင်ပလူနာ အထူးကု ဌာနမှာ လာရောက် ပြသနေတဲ့ လူနာတွေက တစ်နေ့ကို ပျမ်းမျှအားဖြင့် လူနာ ၅ဝဝ ကျော် ကနေ ၁ဝဝဝ ကြားမှာ ရှိပါတယ်။ ဒီလူနာ တွေကို ဆေးကုသရာမှာ ကုန်ကျနေတဲ့ ဆေးဖိုး စရိတ်စကငွေ လျော့နည်း သွားအောင်လို့ အခြေခံ ဓာတ်ခွဲခန်း စမ်းသပ်ခ တွေထဲက ခုနစ်မျိုးကို ဆောင်ရွက် ပေးနိုင်ဖို့ အစီအစဉ် ရှိပါတယ်'' ဟု ၄င်းကပြောသည်။

အဆိုပါ ဆေးရုံကြီးတွင်၂ဝ၁၄ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ သွေးသွင်း ကုသရန် လိုအပ်သော အတွင်းလူနာ များအား အခမဲ့ သွေးသွင်း ကုသပေးခြင်း၊ အရေးပေါ်နှင့် အထူးကု ပြင်ပလူနာ ဌာနသို့ လာရောက် ပြသသော လူနာများနှင့် ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် ဆေးမှတ်တမ်း စာအုပ်များ အခမဲ့ လုပ်ဆောင်ပေးခြင်း၊ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစကာ အရေးပေါ် လူနာများအတွက် အခြေခံ ဓာတ်ခွဲ စမ်းသပ်မှုများ၊ Digital X-Ray ရိုက်ခြင်းများ၊ Ultrasound ရိုက်ကူးမှုများကို အခမဲ့ ဆောင်ရွက် ပေးခြင်းနှင့် အတွင်းလူနာများ အတွက် ဓာတ်ခွဲ စမ်းသပ်မှု ၄၈ မျိုးအထိ အခမဲ့ စမ်းသပ်စစ်ဆေး ပေးခြင်း စသည်တို့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ ကျန်းမာရေး လုပ်ငန်းစဉ်များ အတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေး အတွက် အသုံးစရိတ် ဘတ်ဂျက် ကျပ်သန်းပေါင်း ခုနစ်သိန်းကျော် တိုးမြှင့်သုံးစွဲ ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ သိရသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment