Pages

Thursday, August 27, 2015

မြန်မာ့ အော်ဂဲနစ်ပျားရည်ကို ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ အဓိကတင်ပို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပျားရည်ပေါင် ၅၅၇၂၂၀၀ ထုတ်လုပ်ရန် ရည်မှန်း



ရန်ကုန် ၊ ၂၇-၈-၂၀၁၅

မြန်မာ့အော်ဂဲနစ် ပျားရည်ကို ထိုင်းနှင့် တရုတ်နိုင်ငံ တို့သို့ အဓိက တင်ပို့နေရပြီး၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ပျားရည်ပေါင် ၅၅၇၂၂ဝဝ ထုတ်လုပ်ရန် ရည်မှန်း ထားကြောင်း ပျားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မြန်မာ့ အော်ဂဲနစ် ပျားရည် ကို ဆီး၊ ပန်းနှမ်း၊ နှမ်း၊ နေကြာ၊ လဲမှို့၊ ရော်ဘာ၊ သရက်၊ ပင့်ကူထိပ်ပိတ် (ပန်းသုံးဆင့်)၊ လိုင်ချီးတို့မှ ထုတ်ယူပြီး တရုတ်၊ ဂျပန်၊ ထိုင်း၊ စင်ကာပူနှင့် ကိုရီးယားနိုင်ငံ တို့သို့  တင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာ့ အော်ဂဲနစ် ပျားရည်သည် နိုင်ငံတကာ ဈေးကွက် ကောင်းမွန် နေသည့်အပြင် နိုင်ငံတကာ ဈေးကွက်သို့ ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်း တင်ပို့နေ ရကြောင်း သိရသည်။

ထိုသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သို့ အဓိက တင်ပို့နေရပြီး မြန်မာ့ ပျားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများက Project ရေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ မြန်မာ့ပျားရည် ထုတ်လုပ်မှု အတွက် နည်းပညာနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ် များကိုကူညီရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Chengdu မြို့ရှိ Chengdu Garland Bio-Health Bio-Health Technology Co., Ltd က စိတ်ဝင်စားမှု ရှိနေသည်ဟု သိရသည်။

အိအိအောင်

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

#Yadanarpondaily

No comments:

Post a Comment