Pages

Thursday, August 20, 2015

စစ်အုပ်ချုပ်ရေးအမိန့် (၃/၂၀၁၅) ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၃/၂ဝ၁၅)

၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်
၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက် အမှတ်(၂)ကို ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေး ဒေသ အဖြစ် ကြေညာထားသော ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရား စီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံး ဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။

၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်း တာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။

၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူး များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘော တူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။

၎။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင် သော်လည်းကောင်း၊ စစ်နယ်မြေမှူး များဖြင့် သော်လည်းကောင်း၊ မိမိတာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့် သော်လည်းကောင်း အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-

(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။

( ခ ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မှုခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများ ဖြင့်ဖြစ်စေ စစ်ဆေးစီရင် နိုင်သည်။
(၂) စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေး စီရင်နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲ ဇယား(က) ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူအား စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက တည်ဆဲဥပဒေ များနှင့်အညီ အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-

(ကက) သေဒဏ်၊
( ခခ ) နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊
( ဂဂ ) သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။

(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက် များနှင့်စီရင်ချက် များသည် အပြီးအပြတ် ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ် စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ် မရှိသော ထောင်ဒဏ်စီရင် ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ၏ အတည်ပြုချက် ရရှိမှသာ အတည် ဖြစ်သည်။ အတည်ပြုခြင်း နှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့် များရှိသည်-

(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
( ခခ ) ပြစ်ဒဏ်ကိုလျော့ပေါ့စေခြင်း၊
( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစား သို့ လျော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။

(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက် များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိစေရ။
(၆) ပြင်ဆင်မှု လျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင် ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅)ရက် အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လည်းကောင်း၊ အခြား ပြစ်ဒဏ်ချမှတ်ခြင်း ခံရပါက ပြစ်ဒဏ် ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅)ရက်အတွင်း ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထား နိုင်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက် နိုင်သည်။ ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များ ရှိသည်-

(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
( ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊
( ဃဃ ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။

(၇) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) က မိမိသဘော အလျောက် ပြင်ဆင်မှု ဖွင့်၍ ဆောင်ရွက် သည့်ကိစ္စတွင် အထက် အပိုဒ်ငယ်(၆) တွင်ပါ ရှိသော လုပ်ပိုင်ခွင့်များ အပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်သည်။

၅။ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် မိမိ၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

၆။ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ အစီရင်ခံ ရမည်။

(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

နောက်ဆက်တွဲဇယား(က)

စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ

၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂)၊
၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၁၂၄-က)၊
၃။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊
၎။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊
၅။ လူသတ်မှု၊
၆။ လူသေမှု၊
၇။ မုဒိမ်းမှု၊
၈။ လုယက်မှု၊
၉။ ဓားပြမှု၊
၁ဝ။ အဂတိလိုက်စားမှု၊
၁၁။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊
၁၂။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊
၁၃။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်
ရှောက်ရေးဥပဒေအရပြစ်မှုများ၊
၁၄။ ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေအရပြစ်မှုများ၊
၁၅။ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊
၁၆။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ်မှုများ၊
၁၇။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment