Pages

Monday, August 31, 2015

အနည်းဆုံးအခကြေးငွေ အတည်ပြု သတ်မှတ်ပြီးနောက် လူမှုဖူလုံရေး အဖွဲ့မ၀င်သူများအား အရေးယူမည့် အစီအစဉ် စတင် ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၁-၈-၂၀၁၅

မြန်မာနိုင်ငံ အတွင်း အနည်းဆုံး အခကြေးငွေ ကျပ် ၃၆ဝဝ အတည်ပြု သတ်မှတ် ပြီးနောက် လူမှုဖူလုံရေး ဝင်ရောက်မှု မရှိသူများအား အရေးယူမည့် အစီအစဉ်ကို စတင် ဆောင်ရွက် နိုင်ရန် လုပ်ဆောင် နေကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

အဆိုပါ ဆောင်ရွက်မှုတွင် ၂ဝ၁၂ ခုနှစ် က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေး ဥပဒေတွင် လူမှုဖူလုံရေး စနစ်ဖြင့် အကျုံးဝင်သော လုပ်ငန်းများတွင် မဝင်မနေရ စနစ်ဖြင့် ပြဋ္ဌာန်း ခဲ့သော်လည်း လူမှုဖူလုံရေး စနစ်ဖြင့် အံဝင်သော လုပ်ငန်း အများစုမှာ ဝင်ရောက်မှု မရှိသေးကြောင်း၊ ယင်းအတွက် ဝင်ရောက်မှု မရှိသေးသော အလုပ်သမားနှင့် အလုပ်ရှင် များအား ကနဦး အနေဖြင့် ဝင်ရောက်ရန် ဖျောင်းဖျခြင်း များကို လုပ်ဆောင်မည် ဖြစ်ပြီး အမှန်တကယ် ဝင်ရောက်မှု ပြုလုပ်ခြင်း မရှိပါက လူမှုဖူလုံရေး ဥပဒေအရ အရေးယူခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယခုနှစ်များ အတွင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် လူမှုဖူလုံရေး ကတ်ကို စမတ်ကတ် အဖြစ် စတင်ဝင်ရောက် လာပါက ပြောင်းလဲခဲ့ပြီး ဝင်ရောက်ခြင်း မရှိသူများကို ပြုလုပ်ပေးခြင်းနှင့် ရြှိပီးသား လူမှုဖူလုံရေး ကတ်များကို စမတ်ကတ် အဖြစ် ပြောင်းလဲ ပေးခြင်းများ လုပ်ဆောင်ပေး နေကြောင်း သိရသည်။

ထို့အပြင် လူမှုဖူလုံရေး ထည့်ဝင်ကြေး များကို အလုပ်သမားက ၂ ရာခိုင်နှုန်းနှင့် အလုပ်ရှင်က ၃ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်း ပေးသွင်း ရသော်လည်း ရရှိသည့် လစာအမှန်အတိုင်း ထည့်သွင်းမှု မရှိခြင်း များလည်း ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ယင်း အတွက် အာမခံကြေး ပေးရာတွင် အခက်အခဲများ ရှိပြီး ယင်းတို့ကို စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမှုဖူလုံရေး ထည့်ဝင်ကြေးကို လုပ်သား တစ်ဦးလျှင် တစ်လလုပ်ခ ကျပ်တစ်သိန်းနှင့် အထက် ရရှိသူများ ထည့်ဝင်ရမည် ဖြစ်ပြီး ကျပ်တစ်သိန်း အောက် အလုပ်သမားများ အနေဖြင့် ထည့်ဝင်၍ မရတော့ကြောင်း သိရသည်။

ယင်း လူမှုဖူလုံရေး စနစ်ကို ပိုမိုကျယ်ပြန့် လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်သမားများ အတွက် အာမခံချက် ထားရှိသည့် သဘောကို သိရှိနားလည် စေရန် ပညာပေး အစီအစဉ်များ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း လူမှုဖူလုံရေး စနစ်သို့ ဝင်ရောက် ထားသော လူမှုဖူလုံရေး လုပ်သားဦးရေ ရှစ်သိန်းကျော် ရှိပြီး အစိုးရဝန်ထမ်း များမှာ တစ်သိန်း ကျော်သာ ရှိကြောင်း သိရသည်။ ယင်းအတွက် နောက်ပိုင်းတွင် လူမှုဖူလုံရေး ဥပဒေအရ စစ်ဆေး အရေးယူခြင်း များကို လုပ်ဆောင်ရခြင်း ဖြစ်ပြီး ထိရောက်သည့် ဆောင်ရွက်မှုမျိုး ဖြစ်စေရန် ပြင်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment