Pages

Tuesday, August 4, 2015

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးတံတားများအား ယာယီဘေလီတံတား အစားထိုး တည်ဆောက်မှု ၁၇ စင်းပြီးစီး


ဘေလီတံတားဖြင့် အစားထိုးထားသော သီပေါမြို့ ရှိ နမ့်ပေါ့တံတား

ရန်ကုန် ၊ ၄-၈-၂၀၁၅

မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း များကြောင့် ပျက်စီးခဲ့သော တံတားများ နေရာတွင် ယာယီဘေလီ တံတားများ အစားထိုး ဆောက်လုပ် ပေးမှုတွင် ၁၇ စင်း ပြီးစီးနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းခြင်း များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခု အတွင်းရှိ တံတားအစင်း ၂၁ စင်း ပျက်စီး ဆုံးရှုံးခဲ့ကာ ၄င်းတံတားများ နေရာတွင် ယာယီအားဖြင့် ဘေလီတံတားများ အစားထိုး
တည်ဆောက် ပေးလျက် ရှိသည်။ ထိုကဲ့သို့ တည်ဆောက်ပေး ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ကျပ်သန်းပေါင်း ၉၄၈ ဒသမ ၂၃ သန်း အသုံးပြု သွားမည် ဖြစ်သည်။

ယခုအခါတွင် တည်ဆောက်ခြင်း လုပ်ငန်းများအား ဆက်လက် တည်ဆောက် ပေးလျက်ရှိပြီး တံတားများ ပြိုကျပျက်စီးခြင်း များကြောင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ဖြစ်ပေါ်နေမှုအား ဖြေရှင်းပေးသည့် အနေဖြင့် တည်ဆောက် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော တံတား ၂၁ စင်းအနက် ၁၇ စင်းအား ယာယီဘေလီ တံတားများ တည်ဆောက် ပေးနိုင်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေသည့် တံတားလေးစင်း ကျန်ရှိ နေသေးကြောင်း သိရသည်။ ယင်း တံတားလေးစင်း အနက် ဟင်္သာတံတား၊ အင်းတော်ရှိ ဟဲနူးတံတား တံတားတို့အား သုံးရက်အတွင်း သွားလာ နိုင်စေရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ငဖဲ - စေတုတ္တရာလမ်း ပေါ်ရှိ မန်းချောင်း တံတားအား အရေးပေါ် ဆောင်ရွက်ပေးလျက် ရှိသည်။ ယခုအချိန်တွင် သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှု ရှိနိုင်သည့် တံတားများအား စောင့်ကြည့်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စေလွှတ်ထားပြီး ပျက်စီးနိုင်သော တံတားများတွင် ဖြတ်သန်း သွားလာခွင့်အား ယာယီ ပိတ်ထားကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily
#‎SaveMyanmar‬
‪#‎MyanmarFlood‬
‪#‎SupportMyanmar‬
‪#‎PrayforMyanmar‬

No comments:

Post a Comment