Pages

Monday, July 6, 2015

i-Pay ကတ်အသုံးပြုပြီး စီးနင်းနိုင်သည့် ခရီးသည်တင်ယာဉ် နှစ်ရာနီးပါးရှိ




ရန်ကုန် ၊ ၆-၇-၂၀၁၅

ခရီးသွား ပြည်သူများ အနေဖြင့် မြို့တွင်း သွားလာရေး အတွက် ခရီးသည်တင် ယာဉ်များကို အသုံးပြုစီးနင်း ရာတွင် i-Pay ကတ်ကို အသုံးပြု၍ စီးနင်းနိုင်သည့် ခရီးသည်တင် ယာဉ်အစီးရေမှာ နှစ်ရာဝန်းကျင် အထိ ရှိနေကြောင်း ကစ္စပနဒီ ကုမ္ပဏီမှ သိရသည်

ယခုအခါ အမြဲစိမ်း ယာဉ်လိုင်း၊ SRI ပါ ယာဉ်လိုင်းနှင့် တခြားသော ယာဉ်လိုင်းရှိ ခရီးသည်တင် ယာဉ်များတွင် i-Pay ကတ်စနစ်ကို တပ်ဆင် အသုံးပြုနေခြင်း ဖြစ်ပြီး ယခင်ထက် i-Pay ကတ်များကို အသုံးပြု၍ ခရီးသည် တင်ယာဉ် စီးနင်းသည့် ခရီးသွား ပြည်သူများလည်း ပိုမိုများပြား လာပြီ ဖြစ်သည်။

i-Pay စက်များကို စတင်တပ်ဆင် အသုံးပြု ချိန်တွင် ခရီးသည် တင်ယာဉ် အစီးရေ သုံးရာကျော်နှင့် ဒဂုံတက္ကသိုလ် အတွင်းရှိ စားသောက်ဆိုင် တချို့တွင် တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အသုံးပြုသူများ နည်းပါးလာခြင်း နှင့် ယာဉ်လုပ်သား အများစု၏ ပူးပေါင်း ပါဝင်မှု နည်းပါး ခဲ့ခြင်းကြောင့် ယင်းစနစ်မှာ တဖြည်းဖြည်း ပျောက်ကွယ် သွားခြင်း ဖြစ်သည်။

'' i-Pay ကတ်စနစ်ကို စပြီး တပ်ဆင် အသုံးပြုတုန်း ခရီးသည် တင်ယာဉ် အစီးရေ သုံးရာကျော် အထိ အသုံးပြု ခဲ့ကြတယ်။ အဲဒီစက် တွေကို တပ်ဆင်ထားတဲ့ ခရီးသည် တင်ယာဉ် တွေကနေ အခုထိ မဖြုတ်ဘူး။ ယာဉ်တချို့က စက်ပျက်တယ်လို့ အကြောင်းပြပြီး မသုံးတာဘဲ ရှိတယ်။ အဲဒီကား သုံးရာကျော် က ဘာလို့ လျော့သွားလဲ ဆိုတော့ ယာဉ်လုပ်သား တွေကြောင့် အများကြီး ပါတယ်။ တချို့ယာဉ် လုပ်သားတွေက စက်ကို မိုးရေထဲ ပစ်ထားတာ မျိုးရှိတယ်။ ဒါ့အပြင် ကုမ္ပဏီက ပူးပေါင်း ပါဝင်မှုကလည်း အားနည်းတယ်။ အခုမှ ပြန်ပြီး သုံးလာတာပါ'' ဟု မ-ထ-သ (ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

လက်ရှိတွင် ခရီးသည် တင်ယာဉ်များ၌ ယာဉ်စီးခ ကောက်ခံရာတွင် ကတ်စနစ်၊ လက်မှတ်စနစ် များကို အသုံးပြုရန် အခက်အခဲများ ရှိနေသော်လည်း အများပိုင် စနစ်သို့ ပြောင်းလဲ လိုက်ပြီး နောက်ပိုင်းတွင် အသုံးပြုသူ များလာမည် ဖြစ်ကြောင်း သိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment