Pages

Monday, July 27, 2015

ဒုတိယမြောက် ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) ပေါ် ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု


ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) 

ရန်ကုန် ၊ ၂၇-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီးဆင်းနေသော ငမိုးရိပ်ချောင်းကို ဖြတ်သန်းကာ မင်္ဂလာ တောင်ညွန့် မြို့နယ်နှင့် ဒေါပုံမြို့နယ် တို့သို့ ဆက်သွယ် တည်ဆောက် နေသည့် ငမိုးရိပ်တံတား (မင်္ဂလာ တောင်ညွန့်) သည် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ ယမန်နေ့ နံနက် ၈ နာရီမှစပြီး မော်တော်ယာဉ်များ စတင်ဖြတ်သန်း ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထို တံတားကြီးသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) ၏ ဒုတိယ မြောက် တည်ဆောက် ခဲ့သော တံတားဖြစ်သည်။ ပထမ တံတားမှာ ငမိုးရိပ်တံတား (ပါရမီ) ဖြစ်ပြီး ယခု ဖွင့်လှစ်သည့် တံတားသစ်အား ၂ဝ၁၄ ခုနှစ် အောက်တိုဘာ တွင် စတင် တည်ဆောက် ခဲ့ကြောင်း သိရသည်။

တံတားအရှည် ၄ဝ၅ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာရှိပြီး ယာဉ်သွားလမ်း အကျယ် ၈ မီတာ၊ လူသွားလမ်း တစ်ဖက်လျှင် ၈ ဒသမ ၇၅ မီတာနှစ်ဖက် ပါရှိသည်။ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် တံတား အမျိုးအစား ဖြစ်သည်။ ရေလမ်း ကင်းလွတ်ခွင့် အမြင့် ၁၆ ဒသမ ၅ လက်မရှိပြီး တံတား ခံနိုင်ဝန် ၇၅ တန်ရှိသည်။ ယာဉ်များ အသွားအပြန် နှစ်လမ်းသွား ဖြစ်ကာ ခန့်မှန်း ကုန်ကျငွေ ၆ ဒသမ ၁၅၃ ဘီလီယံ အကုန်အကျခံ တည်ဆောက် ထားကြောင်း တံတား စီမံကိန်း အင်ဂျင်နီယာရုံး မှ သိရသည်။

''ဒီတံတားကြီး ဖွင့်လှစ် လိုက်တဲ့အတွက် ယခင်က ဆို မင်္ဂလာ တောင်ညွန့် မြို့နယ်ကနေ ဒေါပုံမြို့နယ်ကို ရောက်ဖို့ သာကေတ ဘက်ကနေ ဒါမှမဟုတ် သုဝဏ္ဏ ဘက်ကနေ အဆင့်ဆင့် ကွေ့ပတ်ပြီး သွားရပါတယ်။ အခုတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ချက်ချင်း ရောက်နိုင်ပါပြီ။ ယာဉ်ကြီး တွေကလွဲပြီး အားလုံး သွားခွင့်ပြု လိုက်တဲ့အတွက် ယာဉ်ကြော ကျပ်တည်းမှုကို ကောင်းစွာ အထောက်အကူပြု စေမှာပါ'' ဟု တံတား တည်ဆောက်ရေး အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ထို တံတားသစ်ကြီးနှင့် ကပ်လျက်တွင် အနီရောင် ဆေးများ သုတ်ထားသည့် ငမိုးရိပ် သံပေါင် တံတားဟောင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် တံတား ခံနိုင်ရည် ကြံ့ခိုင်မှု အားနည်း လာသည့်အတွက် ဆိုက်ကား၊ စက်ဘီးနှင့် လူများသာ သွားလာခွင့်ပြု ထားကြောင်း၊ ထို တံတားဟောင်း ပေါ်မှ လျှပ်စစ် ဓာတ်ကြိုးများ၊ Gas ပိုက်လိုင်းများနှင့် ဆက်သွယ်ရေး ကေဘယ်ကြိုးများ ဆက်သွယ် ထားကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြဝတီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment