Pages

Friday, July 24, 2015

ရာသက်ပန် (တက္ကစီ) များ၏ ကနဦးမှတ်ပုံတင် ပေးမှုကို ထောက်ကြန့်တွင် လုပ်ဆောင်ပေးမည်


ရန်ကုန် ၊ ၂၄-၇-၂၀၁၅

ရာသက်ပန် အငှားယာဉ် (တက္ကစီ) များအား ကနဦး မှတ်ပုံတင် ဆောင်ရွက်မှုကို သြဂုတ် ၁ ရက်မှ စတင်ကာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကနဦး မှတ်ပုံတင်ဌာန (ထောက်ကြန့်) ၌ လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။

၎င်း ရာသက်ပန် အငှားယာဉ် (တက္ကစီ)များ ကနဦး မှတ်ပုံတင် လုပ်ငန်းများ ပြုလုပ်ပြီး ယာဉ်နံပါတ် ထုတ်ပေးရာတွင် ယခင်က ''ကက''၊ ''ခခ'' နံပါတ်များဖြင့် ထုတ်ပေးခဲ့ကာ ယခုနောက်ပိုင်း အင်္ဂလိပ် အက္ခရာများ အသုံး ပြုချိန်တွင် "AA" ၊ "BB" နံပါတ်များဖြင့် ထုတ်ပေးခဲ့ရာ ယခု "FF" အက္ခရာ နံပါတ်သို့ ရောက်ရှိ လာကြောင်း သိရသည်။ ထို့အပြင် ယာဉ်မတော်တဆ ဖြစ်ပွားကာ ပျက်စီးသွားသော တိုက်ကြေယာဉ် များကိုလည်း စစ်ဆေး လက်ခံကာ ကားဟောင်းအပ် စလစ်များ ထုတ်ပေးပြီး လက်ရှိတွင် တိုက်ပြေးယာဉ် အပ်နှံမှုကို သန်လျင် မြို့နယ်ရုံးနှင့် မြင်းခြံ မြို့နယ်ရုံး (က-ည-န) တို့၌ လက်ခံ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment