Pages

Friday, July 24, 2015

တနင်္သာရီတိုင်း ဒေသကြီးတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို ပထမဆုံးအကြိမ် အဖြစ် သြဂုတ်လ ပထမပတ်အတွင်း ဖွင့်လှစ်မည်



ရန်ကုန် ၊ ၂၄-၇-၂၀၁၅

ယခုအခါ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ အရှိန်အဟုန် နှင့် ဖွံ့ဖြိုးတိုးတက် လာနေသဖြင့် ဧည့်လမ်းညွှန် လုပ်ငန်း များလည်း တိုးတက် များပြားလာ ခဲ့သည်။ ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ အရည်အသွေး ပြည့်ဝသည့် ဧည့်လမ်းညွှန်များ ပေါ်ထွက်လာရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များထိ သွားရောက်ကာ ဧည့်လမ်းညွှန် များနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်သူများ အတွက် သင်တန်းများ သင်ကြားပို့ချ ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီးတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းကို ပထမဆုံး အကြိမ်အဖြစ် ယခုနှစ် သြဂုတ် ၃ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သတင်းများ အရ သိရသည်။

အဆိုပါ သင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန လက်အောက်ရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ကော့သောင်း ဌာနခွဲ)က ကြီးမှူး ဖွင့်လှစ်မည် ဖြစ်သည်။

သင်တန်းကြေးကို ငွေကျပ် တစ်သိန်း သတ်မှတ်ထားပြီး စုစုပေါင်း သင်တန်းသား ဦးရေ ၈ဝ ခန့်ထိ လက်ခံသင်ကြား ပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် သင်တန်းသား ဦးရေ ၄ဝ ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

သင်တန်းချိန်သည် နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ဖြစ်ပြီး ခရိုင်စုပေါင်းရုံး ပိတောက်ရွှေဝါ (၇)ရပ်ကွက် ကော့သောင်းမြို့၌ တက်ရောက် ရမည် ဖြစ်သည်။

အဆိုပါ သင်တန်းကို ပြီးဆုံးအောင် တက်ရောက် အောင်မြင်သူ သင်တန်းသူ၊ သင်တန်းသား များကို ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လိုင်စင်ထုတ် ပေးသွားမည် ဖြစ်ပြီး သင်တန်းတွင် ထူးချွန် ထက်မြက်သော သင်တန်းသူ  သင်တန်းသား များအတွက် အလုပ်အကိုင် နှင့် အခွင့်အလမ်း များရရှိရန် ကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းသို့ တက်ရောက် သင်ကြားလို သူများ အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင် ထားသူ၊ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ နိုင်ငံခြားဘာသာ စကားတစ်ခုခု ကျွမ်းကျင် တတ်မြောက်သူများ ဖြစ်ရမည် ဖြစ်သည်။

သင်တန်း တက်ရောက်မည့် သူများ အနေဖြင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ကော့သောင်းရုံးခွဲ) ဖုန်း ဝ၉- ၂၅၄ဝ ၂၂၆ဝ၆၊ ဝ၉- ၂၆ဝ ၇၇၄ဝ၂၅၊ ဝ၉- ၂၅ဝ၇ ၇၅၄၆၃ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။(၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

#Yadanarpondaily

No comments:

Post a Comment