Pages

Sunday, July 26, 2015

တောင်ပြို(လက်ဝဲ) တွင် ယာယီစောင့်ရှောက် ထားသော စိစစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၉ ဦးအား ဇူလိုင် ၃ဝ ရက်တွင် ထပ်မံ လွှဲပြောင်းရန် ညှိနှိုင်းလျက်ရှိ


နေပြည်တော် ၊ ၂၆-၇-၂ဝ၁၅

မြန်မာနိုင်ငံမှ ၂ဝ၁၅ ခုနှစ် မေ ၂၁ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာ ရေပိုင်နက် အတွင်း ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူ များကို ၄င်းတို့၏ မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ရေး  ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၃၄၂ ဦးကို သုံးသုတ်ခွဲ၍ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

တောင်ပြို(လက်ဝဲ) စခန်းတွင် ကျန်ရှိနေသည့် လှေစီး သွားလာသူ ၃၈၉ ဦးအနက် ဘင်္ဂလားဒေ့ရှ် ဘက်မှ စိစစ်၍ ပြန်လည် လက်ခံရန် အတည်ပြုပြီး ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၁၅၉ ဦးကို ဇူလိုင် ၃ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထပ်မံ လွှဲပြောင်းရန် နှစ်ဖက် ညှိနှိုင်းလျက် ရှိသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်နှင့် အညီ ကျန်ရှိနေသော လှေစီး သွားလာသူ များကို စိစစ်၍ ၄င်းတို့၏ မူရင်းနေရပ်သို့ အမြန်ပြန်လည် ပို့ဆောင်နိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ ယာယီ စောင့်ရှောက်ထား သူများကိုလည်း လူသားချင်း စာနာ ထောက်ထားမှု အခြေခံဖြင့် အကူအညီများ ထောက်ပံ့ ပေးလျက် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment