Pages

Sunday, July 5, 2015

တရားမဝင် တင်သွင်းသော ဆေးဝါးများနှင့် ဆေးဝါးအတု တင်သွင်းလာမှုများ ယခင်နှစ်ထက် လျော့ကျ



ရန်ကုန် ၊ ၅-၇-၂ဝ၁၅

အိမ်နီးချင်း နိုင်ငံများမှ တရားမဝင် တင်သွင်း လာသော ဆေးဝါးများနှင့် ဆေးဝါး အတုများ တင်သွင်း လာမှုသည် ယခင်နှစ်ထက် လျော့ကျလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက ပြောသည်။

''တရားမဝင် တင်သွင်း လာတဲ့ ဆေးဝါးနဲ့ ဆေးအတု တင်သွင်းမှု တွေက အရင်နှစ်တွေထက် လျော့ကျ လာတာ တွေ့ရတယ်။ အဲဒါတွေ ပပျောက်ဖို့ ဆိုရင် စားသုံးသူတွေ ကလည်း ဗဟုသုတ ရှိဖို့ လိုအပ်တယ်။ ဆေးဝါးအတု နဲ့ အစစ်ခွဲခြား သိဖို့ဆိုရင် ကိုယ်ဝယ်သုံး တဲ့ဆေးဝါးမှာ FDA ရဲ့ ခွင့်ပြုချက် နံပါတ်ကို ရှာရမယ်။ နံပါတ်ပါတဲ့ ဆေးဝါးကမှ အစစ်ဆိုတာ သိထားရမယ်။ ဆေးဆိုင်တွေ အနေနဲ့လည်း ဆေးကို ပြင်ပကနေ ဝယ်ယူမယ် ဆိုရင် မှတ်ပုံတင် ထားခြင်း ရှိ၊ မရှိ သေချာအောင် စစ်ဆေးဖို့ လိုပါတယ်။ အခု ဈေးကွက်မှာ စစ်တမ်း ကောက်ယူတဲ့ အခါမှာ တရားမဝင် တင်သွင်းတဲ့ ဆေးဝါးတွေနဲ့ ဆေးဝါး အတုတွေ ဝင်ရောက်မှုက ယခင်နှစ်ထက် လျော့ကျလာ တာကို တွေ့ရပါတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါ တရားမဝင် တင်သွင်း လာသော ဆေးဝါးများနှင့် ဆေးဝါးအတု ပပျောက်ရေး အတွက် ပြည်သူများအား ကျန်းမာရေး အသိပညာ ပေးခြင်း လုပ်ငန်းများ ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆေးဝါး များကြောင့် ဆေးကုမ္ပဏီ များ ထိခိုက် နစ်နာမှုထက် သုံးစွဲသူ ပြည်သူများ အတွက် ဆေးယဉ်ပါးမှု များနှင့် ဆေးမှားယွင်း သုံးစွဲမှု ဆိုးကျိုးများ ကိုပါ ရရှိ စေနိုင်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသို့ တရားဝင် တင်သွင်းသော ဆေးဝါး များ၏ ၅ဝ ရာခိုင်နှုန်းမှာ အိန္ဒိယမှ တင်သွင်းသည့် ဆေးဝါးများ ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

#Themyawadydaily

No comments:

Post a Comment