Pages

Tuesday, July 28, 2015

အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် တင်သွင်းလာသော အေးခဲကြက်သားများအား စားသုံးခြင်းမပြုရန် နှိုးဆော်ထား



ရန်ကုန် ၊ ၂၈-၇-၂၀၁၅

မြန်မာနိုင်ငံ နယ်စပ်ဒေသ များမှတစ်ဆင့် ပြည်တွင်း ဈေးကွက်သို့ အိမ်နီးချင်း နိုင်ငံများမှ တရားမဝင် တင်သွင်းလာသည့် အေးခဲ ကြက်သားများသည် စားသုံးသူ များအား ဘေးဥပဒ် ဖြစ်စေ နိုင်သောကြောင့် ပြည်သူများ အနေဖြင့် စားသုံးခြင်း မပြုကြရန် သက်ဆိုင်ရာမှ နှိုးဆော် ထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အေးခဲကြက်သား များသည် ပြည်တွင်းမှ ထွက်ရှိသော မွေးမြူရေး ကြက်သားများထက် ပိုမို ဈေးသက်သာ သော်လည်း အချိန် ကြာမြင့်စွာ သိုလှောင် ထားခဲ့သော အသားများ ဖြစ်သောကြောင့် ပြည်တွင်း ကြက်မွေးမြူ
ရေး စခန်းများမှ တိုက်ရိုက်ဖြန့်ချိ ရောင်းချသော မွေးမြူရေး ကြက်သားများ ကဲ့သို့ လတ်ဆတ်ခြင်း မရှိဘဲ စားသုံးမိပါက အန္တရာယ် ဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် အဆိုပါ အေးခဲ ကြက်သားများ တရားမဝင် တင်သွင်းသူ များကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ Mobile Team အစရှိသော အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ ထိရောက်စွာ ဖမ်းဆီး အရေးယူနိုင်ရန် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်သည်။

လက်ရှိတွင် အေးခဲ ကြက်သားများ တရားမဝင် တင်သွင်းမှု များကို သက်ဆိုင်ရာ Mobile Team များမှ ဖမ်းဆီး စစ်ဆေးပြီး အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက် ရှိသော်လည်း တစ်ဖက်နိုင်ငံ များမှ တင်ပို့လာသော အသားများကို နယ်စပ် ဒေသများရှိ အအေးခန်း များသို့ အရင်ဆုံး တင်ပို့ပြီးမှ ပြည်တွင်း ဈေးကွက်များသို့ ဖြန့်ချိနေခြင်း ဖြစ်သည့်အတွက် ဖမ်းဆီး စစ်ဆေးရာတွင် အခက်အခဲများ ရှိနေကြောင်း၊ အများအားဖြင့် မန္တလေးတိုင်း ဒေသကြီး နှင့် မွန်ပြည်နယ် တို့တွင် အေးခဲ ကြက်သားများ၏ ဈေးကွက် နေရာယူမှုသည် အတိုင်းအတာ တစ်ခုအထိ ကျယ်ပြန့် လာကြောင်းနှင့် ယင်းကဲ့သို့ တရားမဝင် တင်သွင်း လာသော အေးခဲကြက်သား များကြောင့် ပြည်တွင်းမှ ကြက်မွေးမြူရေး လုပ်ငန်းများ ထိခိုက်နစ်နာလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment