Pages

Thursday, July 9, 2015

ဧရာဝတီတိုင်း ဒေသကြီးမှ ထွက်သည့် ပုသိမ်ထီးများကို ယခုနှစ်တွင် ဥရုဂွေးနိုင်ငံသို့ တင်ပို့ရောင်းချမည်



ရန်ကုန် ၊ ၉-၇-၂ဝ၁၅

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှ လက်မှုလုပ်ငန်း တစ်ခုဖြစ်သော ပုသိမ်ထီးများကို ယခုနှစ်အတွင်း ၌ ရန်ကုန်မြို့ရှိ အင်ကြင်း- ရန်ကုန် ကုမ္ပဏီမှ ဥရုဂွေး နိုင်ငံသို့ တင်ပို့ ရောင်းချ သွားမည် ဖြစ်ကြောင်း ရွှေစာ ထီးလုပ်ငန်းရှင် ဦးအောင်နိုင် က ပြောသည်။

''ဥရုဂွေး နိုင်ငံကို တင်ပို့တဲ့အခါ ကုမ္ပဏီက လုပ်ငန်းရှင် တွေထဲကနေ တစ်ဆင့် ဝယ်ယူပြီး ပို့တာပါ။ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့က ထွက်တဲ့ ပုသိမ်ထီး တွေကို ဥရုဂွေး၊ ဂျာမနီ၊ အီတလီ စတဲ့ နိုင်ငံတွေက အများအပြား ဝယ်ယူဖို့ ကမ်းလှမ်းထား ပါတယ်။ ပုသိမ်ထီးတွေ ပြည်ပကို တင်ပို့တဲ့အခါ နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့ အတွက် စနစ်တကျ ပြုလုပ်ပြီးမှ တင်ပို့ ရောင်းချမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

အင်ကြင်း - ရန်ကုန် ကုမ္ပဏီမှ ပုသိမ်ထီး များကို ဥရုဂွေး နိုင်ငံသို့ တင်ပို့ရာတွင် ကမ်းခြေသုံး ထီးများ ဖြစ်သည့် ၆ ပေ၊ ၈ ပေ၊ ၁ဝ ပေ စသည့် ထီး အမျိုးအစား အလက် ၄ဝဝ ကျော်ကို တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ဥရုဂွေးနိုင်ငံမှ အဆိုပါ ထီးများကို ဝယ်ယူသူ များမှာ ဟိုတယ် လုပ်ငန်းရှင်များ ဖြစ်ပြီး ဟိုတယ်များတွင် အလှဆင် ထားရန် ဝယ်ယူခြင်း ဖြစ်သည်။ ဥရောပ နိုင်ငံများ ဖြစ်သည့် ဂျာမနီနှင့် အီတလီနိုင်ငံ တို့မှ စီးပွားရေး လုပ်ငန်းရှင် များက ယခုနှစ် စက်တင်ဘာ လကုန်ပိုင်း လောက်တွင် အမှာစာ ပေးပို့ ဝယ်ယူရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှ ထွက်သည့် ပုသိမ်ထီးများ ကို ယခင်က နယူးဇီလန် နှင့် အမေရိကန် နိုင်ငံတို့မှ ၀ယ်ယူခဲ့ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment