Pages

Thursday, July 23, 2015

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများ အနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား ပြန်လည်လွှဲပြောင်း



နေပြည်တော် ၊ ၂၃-၇-၂၀၁၅

တပ်မတော်(ရေ)က မေ ၂၁ ရက်နှင့် ၂၉ ရက်များတွင် ကယ်ဆယ် ထားသည့် လှေစီး သွားလာသူများ အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် ထပ်မံ အတည်ပြုပြီးသူ ၁၅၅ ဦးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် တောင်ပြို (လက်ဝဲ)မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပပြီး ညနေ ၄ နာရီခွဲ တွင် လွှဲပြောင်း ပေးခဲ့သည်။

ထိုသို့ လွှဲပြောင်း ရာတွင် မြန်မာနိုင်ငံ ဘက်မှ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သော အဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် ထပ်မံ အတည်ပြုပြီးသူ ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး MM Anisur RAhman နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် နှစ်ဦး ရှေ့မှောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၇) တပ်ရင်းမှူး ဦးဆောင်သည့် အဖွဲ့ထံ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

တပ်မတော်(ရေ) က ကယ်ဆယ် ခဲ့သည့် ယာယီ စောင့်ရှောက် ထားသူများ အနက် ကျန်ရှိသူများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နိုင်ငံသား စိစစ်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်းနှင့် စိစစ် အတည်ပြု မှုများ ဆောင်ရွက် ပြီးစီးပါက မူလနေရင်း နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment