Pages

Thursday, July 30, 2015

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်



ဘားအံ ၊ ၃၀-၇-၂၀၁၅

ကရင်ပြည်နယ် ဘားအံမြို့တွင် ဇူလိုင်လမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာကာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ရာမှ ယနေ့ ညနေပိုင်းတွင် မိုးထပ်မံ ရွာသွန်းမှုကြောင့် ဘားအံမြို့အနိမ့်ပိုင်း ရပ်ကွက်များ၌ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့သဖြင့် ရေဘေး စခန်းများသို့ စတင်ပြောင်းရွှေ့ နေကြောင်း သိရသည်။

သံလွင်မြစ် ကမ်းဘေး ရပ်ကွက်များ ဖြစ်သော အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက် တို့တွင် ရေကြီး နစ်မြုပ်ခဲ့ရာ အမှတ်(၂) ရပ်ကွက်၊ ရွှေယဉ်မျှော် ရေဘေးစခန်း၌ အိမ်ထောင်စု ၈၇ စုမှ လူဦးရေ ၄၆၁ ဦး၊ အမှတ်(၅) ရပ်ကွက်ရှိ အောင်သံလွင် အားကစားရုံ ရေဘေးစခန်း၌ အိမ်ထောင်စု ၈ဝ စုမှ လူဦးရေ ၄၃၃ ဦး၊ မိုးလုံလေလုံ အားကစားရုံ ရေဘေးစခန်း ၌ အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၂၉၅ ဦးတို့ ပြောင်းရွှေ့ နေထိုင် ကြကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် ပြည်သူများ နေရာချထားမှု၊ စားသောက်ရေး၊ ကျန်းမာရေး တို့အတွက် စီမံ ထားရှိမှု၊ ထပ်မံရောက်ရှိ လာနိုင်သော ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ် ထားရှိမှုများ နှင့် နယ်မြေခံ တပ်မတော် သားများ၊ လူမှုရေး အဖွဲ့များက ကယ်ဆယ်ရေး ကူညီ ဆောင်ရွက်နေမှု များကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးကာ လိုအပ် သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေး နေကြောင်း သိရသည်။

နန်းမျိုးနွယ်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment