Pages

Tuesday, June 9, 2015

နှစ်နိုင်ငံ အလံတင် အစည်းအဝေး နှင့် လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ လွှဲပြောင်းပေးအပ်



နေပြည်တော် ၊ ၉-၆-၂၀၁၅

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အလံတင် အစည်းအဝေးနှင့် မေ ၂၁ ရက်က ရခိုင်ပြည်နယ် မောင်တောခရိုင် သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် တပ်မတော် (ရေ) က ကယ်ဆယ် ထားသည့် လှေစီး သွားလာသူများ အနက် ကောင်စစ်ဆိုင်ရာ စိစစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီး သွားလာသူများ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြို (လက်ဝဲ)မြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် နှင့် အမှတ်(၁၇) ကော့ပဇား အခြေစိုက် နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Khandaker Saiful Alam တို့က နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကို ဦးဆောင် ဆွေးနွေးကြပြီး လေ့လာသူ အဖြစ် မြန်မာနိုင်ငံမှ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး မျိုးဆွေ၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ် ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးကိုကို၊ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ခွဲမှူး ဒုတိယ ရဲမှူးကြီး ကျော်တေဇ တို့ တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ကော့ပဇား အခြေစိုက် Colonel Md. Khalequzzaman, Deputy Director General, Sector Commander, Border Guard Bngladesh, Coxsbazar ၊ ကော့ပဇားခရိုင် ရဲအရာရှိ၊ ကော့ပဇား ခရိုင် အုပ်ချုပ်ရေးမှူး နှင့် စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်တို့ တက်ရောက် ကြသည်။

ရှေးဦးစွာ တက်ရောက် လာကြသည့် နှစ်နိုင်ငံ တာဝန်ရှိ သူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် နှင့် အမှတ် (၁၇) ကော့ပဇား အခြေစိုက် နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Khandaker Saiful Alam တို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးသွားလာ သူများ လွှဲပြောင်း ပေးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး လွှဲပြောင်း ပေးအပ်ခြင်း ဆိုင်ရာ စာအုပ်တွင် လက်မှတ် ရေးထိုး ကြသည်။

ဆက်လက်၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် တောင်ပြို (လက်ဝဲ) ဝင် - ထွက် စခန်းတွင် မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် နှင့် တာဝန်ရှိ သူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ပဇား အခြေစိုက် Colonel Md. Khalequzzaman, Deputy Director General, Sector Commander, Border Guard Bngladesh, Coxsbazar ထံ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီး သွားလာသူ ၁၅ဝ အား လွှဲပြောင်း ပေးအပ်ခဲ့ပြီး နယ်စပ်ဂိတ် တံတားအထိ လိုက်ပါ ပို့ဆောင်ခဲ့သည်။

ကျန်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီး သွားလာသူများ အမြန်လွှဲပြောင်း ပို့ဆောင်နိုင်ရေး နှစ်နိုင်ငံ တာဝန်ရှိ သူများက စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။





#Themyawadydaily

No comments:

Post a Comment