Pages

Tuesday, June 2, 2015

ရန်ကုန် ကလေးဆေးရုံကြီးကို ခုတင် ၅၅၀ မှ ခုတင် ၇၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန်ရှိ




ရန်ကုန် ၊ ၂-၆-၂၀၁၅

ရန်ကုန် ကလေးဆေးရုံကြီး ၌ တက်ရောက် နေသော လူနာ အရေအတွက်မှာ မြင့်တက် လာသည့်အတွက် ခုတင် ၅၅ဝ မှ ခုတင် ၇၅ဝ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့် တင်ရန် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ကလေးဆေးရုံကြီး ၌ လူနာအင်အား များပြား လာမှုကြောင့် ဖွဲ့စည်းပုံ အင်အားကို တိုးမြှင့် တောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးရုံကြီးမှာ ခုတင် ၅၅ဝ သာ ဆံ့သော်လည်း နေ့စဉ် လူနာဦးရေ ၇၇ဝ ခန့် ဝင်ရောက်မှု ရှိနေသည့် အတွက် ယခုကဲ့သို့ ဖွဲ့စည်းပုံကို တိုးမြှင့် တောင်းခံရခြင်း ဖြစ်ကြောင်း ရန်ကုန် ကလေးဆေးရုံကြီး ရှိ ကလေး ဆေးပညာ ဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ရဲမြင့်ကျော် က ပြောသည်။

ထို့ကြောင့် ကလေး ဆေးရုံကြီး၏ ဖွဲ့စည်းပုံကို ယခင် ရှိနေသည့် ခုတင် ၅၅ဝ အစား ခုတင် ၇၅ဝ သို့ တိုးမြှင့် တောင်းခံထားပြီး ဝန်ထမ်း အင်အားကိုပါ တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးရုံကြီး၌ နေ့စဉ် ဆေးရုံ တက်ရောက် ကုသနေသူ ၇၇ဝ ဦးရှိပြီး ပြင်ပလူနာ ဌာနသို့ လာရောက် ကုသမှု ၁ဝဝဝ ဦးခန့်ရှိ၍ မွေးကင်းစမှ အသက် ၁၂ နှစ်အရွယ် ကလေး သူငယ်များ ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီး၏ စာရင်းဇယားများ အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment