Pages

Monday, June 8, 2015

ကမ္ဘာပေါ်တွင် လေထု ရေထု အညစ်ညမ်းဆုံး မြို့ကြီး ၂၀ တွင် အိန္ဒိယနိုင်ငံမှ မြို့ကြီး ၁၃ မြို့ပါဝင်နေ



နယူးဒေလီ ၊ ၈-၆-၂၀၁၅

တရုတ်နိုင်ငံ ပြီးလျှင် အိန္ဒိယ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် လေထု၊ ရေထု အညစ်ညမ်းဆုံး နိုင်ငံဖြစ်လာပြီး ကမ္ဘာ့လေထု၊ ရေထု အညစ်ညမ်းဆုံး မြို့တော်ပေါင်း ၂ဝတွင် အိန္ဒိယနိုင်ငံမှ မြို့ကြီး ၁၃ ခု ပါဝင်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ မြို့တော်များ ဖြစ်သော နယူးဒေလီ၊ ဂူဂျာရပ် ပြည်နယ်မှ ဗာပီမြို့တော် နှင့် စူကင်ဒါ ပြည်နယ်မှ အိုဒီရှာမြို့ တို့သည် ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင် ရေးရာ သန့်ရှင်းမှု အဆင့် အနိမ့်ဆုံး မြို့ကြီး ၁ဝ မြို့တွင် ပါဝင်နေသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ထင်ရှားသော ဂင်္ဂါမြစ်ကြီးနှင့် ယမုံနာမြစ်ကြီး နှစ်စင်းတို့ သည်လည်း ကမ္ဘာ့ အညစ်ညမ်းဆုံး မြစ်ကြီး ၁ဝ စင်း စာရင်းတွင် ပါဝင်လျက် ရှိကြသည်။

တရုတ်နိုင်ငံ ရော အိန္ဒိယနိုင်ငံပါ စီးပွားရေး တိုးတက်ကြီးထွား လာနေ သော်လည်း ၄င်းနှစ်နိုင်ငံ၏ ပတ်ဝန်းကျင် ရေးရာတွင် ညမ်ညမ်းမှုများ ဖြစ်ပေါ် လာသည်ကို တွေ့ရှိ နေရသည်။ ကာဗွန် ထုတ်လုပ်မှုတွင်
တရုတ်နိုင်ငံက နံပါတ်တစ် နေရာ ရောက်နေပြီး အိန္ဒိယနိုင်ငံ က နံပါတ်သုံး နေရာတွင် ရောက်ရှိ နေသည်။

တရုတ်နိုင်ငံသည် ပြည်တွင်း စီးပွားရေး တစ်ဟုန်ထိုး တိုးတက် လာမှုနှင့်အတူ ပတ်ဝန်းကျင် ပျက်စီးမှု များကိုလည်း အိန္ဒိယ နိုင်ငံထက် စောစီးစွာ ကြုံတွေ့လာခဲ့ ရသည်။ တရုတ်နိုင်ငံ၏ မြစ်များနှင့် လေထုတွင် များစွာ ပျက်စီးသွားခဲ့ ရပြီး တင်းကျပ်သော ဥပဒေများဖြင့် ညစ်ညမ်း သွားသော မြစ်များနှင့် လေထုကို ပြန်လည် သန့်ရှင်းအောင် စီမံ ဆောင်ရွက် လျက်ရသည်။

မြို့တော်ပေကျင်း ၏ လေထု ညစ်ညမ်းမှုကို ၂ဝဝဝ ပြည့်နှစ် မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း များကို မြို့တော်တွင်း မောင်းနှင်ခွင့် ကိုတားမြစ်ခြင်း၊ အဆောက်အအုံ များတွင် တပ်ဆင် ထားသော အနွေးဓာတ် ပေးမှုစနစ် များကို သေသေချာချာ စစ်ဆေး လုပ်ကိုင်ခဲ့ခြင်း တို့ကြောင့် ယခင်ကာလ နှင့် နှိုင်းယှဉ် လိုက်ပါက ယနေ့ပေကျင်း လေထု ညစ်ညမ်းမှု ၄ဝ ရာခိုင်နှုန်း လျော့ပါး လာကြောင်း ပေကျင်း စည်ပင် သာယာရေး အဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

တရုတ်တို့ ဘက်က လေထု ညစ်ညမ်းမှုကို တန်ပြန်မှု၊ အရေးယူ မှုများ ပြုလုပ်ပြီး ပိုကောင်း စေရန် လုပ်ဆောင် လာချိန်တွင် အိန္ဒိယ နိုင်ငံတွင်မူ နယူးဒေလီ မြို့တော် အပါအဝင် လေထု ညစ်ညမ်းမှု များက တစ်စတစ်စ တိုးပွား လာခဲ့ရာ ၂ဝဝဝ ပြည့်နှစ်က လေထု ညစ်ညမ်းမှုသည် ယခင် ကာလများ ကထက် ၂ဝ ရာခိုင်နှုန်းကျော် ပို၍ မြင့်မားလာသည်။ အိန္ဒိယနိုင်ငံ တွင် ပတ်ဝန်းကျင် ရေးရာ ကိစ္စများတွင် ပိုမို အဆင့်နိမ့်ကျ လာခြင်းကြောင့် အများပြည်သူ တို့၏ ကျန်းမာရေးနှင့် ဆင်းရဲမှုကို ပိုမိုဆိုးရွား လာစေသည်။ အိန္ဒိယ နိုင်ငံတွင်းရှိ မြစ်ကြီး၊ မြစ်ငယ်ပေါင်း ၂၉ဝ ၏ ရေထု ၆၆ ရာခိုင်နှုန်း တွင် အမှိုက်သရိုက်များ၊ တိရစ္ဆာန် အသေကောင် များဖြင့် ညစ်ညမ်း လာရသည်။

ထို့ပြင် မြစ်ကြီးများ နှင့် ထိစပ်နေသော မြို့ကြီး၊ မြို့ငယ်များမှ မြောင်းပုတ်ရေ များမှာ ၄င်းမြစ်ကြီးများ အတွင်းသို့သာ စီးဝင်နေကြောင်း အိန္ဒိယ အစိုးရ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် Shashi Shekhar က ပြောပြသည်။

#yadanarpondaily

No comments:

Post a Comment