Pages

Wednesday, June 10, 2015

ပန်ကာအသုံးပြုသူများ သတိထားဆင်ခြင်



ပန်ကာအသုံးပြုသူများ သတိထားဆင်ခြင်

ယနေ့ ကမ္ဘာကြီးသည် ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်မှု များလည်း ဖြစ်ပေါ်ကာ အိုဇုန်းလွှာ ပေါက်မှုလည်း ပိုမိုများပြား လာခဲ့သည်။ ထို့ပြင် ကမ္ဘာနှင့် အဝန်း နေရာဒေသ တိုင်းတွင် အပူချိန်များ သာမန်ထက် မြင့်တက် လာလျက် ရှိသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ တွင် အပူချိန် မြင့်မားခြင်းနှင့် အပူလှိုင်း ဖြတ်ခြင်းဒဏ်ကို ခံစားကြရပြီး လူပေါင်းများစွာ အသက် ဆုံးရှုံးကာ ကတ္တရာလမ်းများ အရည်ပျော် ခြင်းကြောင့် သွားလာရမှု အခက်အခဲ များနှင့်လည်း ကြုံတွေ့ နေရကြောင်း သိရသည်။ ထို့အတူ အခြားနိုင်ငံ များတွင်လည်း အပူချိန် မြင့်မားမှုကြောင့် အလုပ်ချိန် သတ်မှတ်မှုများ ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံ သည်လည်း ကမ္ဘာပေါ်တွင် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် အပူဒဏ်ကို နေရာအနှံ့ ဆိုးရွားစွာ ခံစားနေကြ ရသည်။ အပူဒဏ်ကို လျော့ကျစေရန် နည်းလမ်းများ ထဲတွင် ငွေကြေး တတ်နိုင်သူ များက အဲကွန်း တပ်ဆင် အသုံးပြုကြ သကဲ့သို့ သာမန် လူများက တန်ဖိုးနည်း လျှပ်စစ် ပန်ကာများ အသုံးပြု၍ အပူဒဏ် သက်သာရေး ဖြေရှင်း ကြသည်။

အဲကွန်း အသုံးပြုသူများ အနေဖြင့် အသုံး မပြုတတ်ပါက ဘေးထွက် ဆိုးကျိုးများ ဖြစ်ပွားနိုင် သကဲ့သို့ ပန်ကာ အသုံးပြုသူများ အနေဖြင့်လည်း ဘေးထွက် ဆိုးကျိုး အန္တရာယ် များကို သိထားကြရန် လိုမည် ဖြစ်သည်။ ပန်ကာနှင့် အိပ်စက်ခြင်းသည် ညင်သာစွာ လှုပ်သိပ် သကဲ့သို့ ဖြစ်စေသော်လည်း ဘေးထွက် ဆိုးကျိုးများက လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။

ပန်ကာဖြင့် အိပ်စက်သော သူ၏ ကျန်းမာရေးမှာ အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုး ကျိုးများကို ဖြစ်ပေါ် စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ် အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း၊ ကိုယ်ခန္ဓာ မအီမသာ ဖြစ်ခြင်း စသည်တို့ ဖြစ်ပွား တတ်သည်။

ကျန်းမာရေး စောင့်ရှောက်မှု ကွပ်ကဲရေး အဖွဲ့အစည်း တစ်ခု၏ ရှာဖွေ တွေ့ရှိချက် အရ ကလေး အိပ်ခန်းတွင် ပန်ကာနှင့် အိပ်စက်ခြင်းဖြင့် ကလေး ၇ဝ ရာခိုင်နှုန်းခန့် ကျန်းမာရေး ထိခိုက် စေခြင်း၊ သေဆုံးခြင်း တို့ကို ဖြစ်စေသည်ဟု သိရသည်။ အခန်းအတွင်း လေဝင်၊ လေထွက် ကောင်းပြီး ကာဗွန်ဒိုင် အောက်ဆိုက် များ ပြင်ပသို့ ထုတ်ပစ် နိုင်ခြင်းကို တားဆီး သကဲ့ဖြစ်ရပြီး ကလေးများ အသက် ရှူသွင်းခြင်းစနစ်ကို ထိခိုက် စေနိုင်ခြင်း ဖြစ်သည်။

ပန်ကာက သဘာဝလေကို ခြောက်သွေ့ စေသောကြောင့် အိပ်စက်သူများ အနေဖြင့် ၄င်းလေကြောင့် ပါးစပ်မှ လေပြွန်ကို ခြောက်သွေ့စေပြီး ရေဆာ စေသဖြင့် အပြည့်အဝ အိပ်စက်မှုကို အဟန့်အတား ဖြစ်စေသည်။ ထို့ပြင် ပန်ကာတွင် ဖုန်များ ကပ်ငြိလေ့ ရှိပြီး ပန်ကာဖွင့် လိုက်သောအခါ ကပ်နေသော ဖုန်များက အိပ်စက်သူ၏ ပါးစပ်၊ နှာခေါင်းမှ တစ်ဆင့် အသက်ရှူ လမ်းကြောင်းကို ပိတ်စေသည်။ ထို့ကြောင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်စေသည်။

သို့ဖြစ်ရာ ပန်ကာ အသုံးပြုသူများ အနေဖြင့် ပန်ကာသည် တစ်ခဏတာ အေးစက်ခြင်း အတွက် ကောင်းသည်ဟု ဆိုရသော်လည်း ပန်ကာလေကို ခံသူများ၊ ပန်ကာလေဖြင့် အိပ်စက် သူများသည် ပန်ကာ လေကြောင့် ဖြစ်ပွားတတ်သော ဘေးထွက် ဆိုးကျိုးများကို သတိထား ဆင်ခြင်ကြ ရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment