Pages

Tuesday, June 2, 2015

မြန်မာနိုင်ငံ၏ ရေခဲလိုင်းသည် ပေ ၁၀၀၀၀ ကျော်ထိ ရောက်ရှိသွားပြီး နောက်ငါးနှစ်အတွင်း အရည်ပျော် သွားနိုင်ဖွယ်ရှိ



မန္တလေး ၊ ၂-၆-၂၀၁၅

မြန်မာနိုင်ငံ၏ ရေခဲလိုင်း အမြင့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ထိ ပေ ၇ဝဝဝ နှင့် ၈ဝဝဝ ကြားတွင် ရှိသော်လည်း ယခုအခါ ပေ ၁ဝဝဝဝ ကျော်သို့ ရောက်ရှိ သွားကြောင်း ဟိမဝန္တာဒေသ ကျွမ်းကျင်သူ တစ်ဦးက ပြောပြသည်။

Climate Change ၏ နောက်ဆက်တွဲ ဖြစ်ရပ်များမှ တစ်ခုအဖြစ် မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီ ရေခဲဒေသ သည် နောက်ငါးနှစ် အတွင်းတွင် ရေခဲများ အရည်ပျော် နိုင်ဖွယ်ရှိသည် ဟု ၄င်းက ပြောပြသည်။

''ခါကာဘိုရာဇီ တည်ရှိနေတဲ့ ဂေဟစနစ် ပျက်စီးသွားတဲ့ အတွက် ရေခဲကို တဖြည်းဖြည်း ဝေးပြီး အမြင့်ပိုင်း တွေမှာပဲ တွေ့မြင် ရတော့တယ်။ ဒီလိုသာဆိုရင် နှစ်အနည်းငယ် အတွင်း ရေခဲတွေ တော်တော်လေး ပါးသွားနိုင်တယ် ''ဟု အဆိုပါ ကျွမ်းကျင်သူ ပညာရှင်က ပြောပြသည်။

Climate Change ကြောင့် ဒေသခံများ သည်လည်း စိုက်ပျိုးရေးတွင် အခက်အခဲများ ဖြစ်ပေါ်လာ ရပြီး စပါး၊ အာလူး အစရှိသည့် ဒေသတွင်း စားသုံးသီးနှံများ စိုက်ပျိုးမရ ဖြစ်လာကြောင်း သိရသည်။ အထူးသဖြင့် ပူတာအို ဒေသသည် မိုးရေကို အဓိက အားထားရသည့် အတွက် အခက်အခဲများ ပို၍ တွေ့ရကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် Climate Change နှင့်ပတ်သက်၍ အရေးကြီးဆုံး ဒေသများတွင် ခါကာဘိုရာဇီ ဒေသ ပါဝင်ပြီး Landscape Approch to Bio diversity Conservation ( အပင် ၊ တိရစ္ဆာန် ၊ မြေ ) ဂေဟစနစ် ကို ထိန်းညိ ပေးသောနေရာ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဟိမဝန္တာ တောင်တန်းဒေသ နိုင်ငံတွင် ပါဝင်ပြီး အာဖဂန်နစ္စတန် နိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တရုတ်နိုင်ငံ၊ နီပေါနိုင်ငံ နှင့် ဘူတန်နိုင်ငံ တို့ကို တောင်တန်းဒေသ အဖွဲ့ဝင် နိုင်ငံများ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

ဟိမဝန္တာဒေသ ကို ကမ္ဘာ့ တတိယ ဝင်ရိုးစွန်း ဟု ခေါ်ဆို၍ တိဗက်နှင့် အရှေ့တောင် အာရှ ဂေဟစနစ်ကို ထိန်းညှိ ပေးထားပြီး ကမ္ဘာ့ အရေးကြီးဆုံး မြစ်ကြီး ၁ဝ စင်းမှာ ၄င်းနေရာမှပင် စီးဆင်းလျက် ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အလှဆုံးနေရာ တစ်ခုဖြစ်ပြီး ဇီဝမျိုးစိတ် ကြွယ်ဝသည့် အမွေအနှစ် ဒေသတစ်ခုလည်း ဖြစ်သည်။ Northern Myanmar Complex (ရှုပ်ထွေးသည့် ဇီဝဂေဟ အပင်မျိုးစုံ)၊ ကမ္ဘာပေါ်တွင် တန်ဖိုး အကြီးမားဆုံး အပင်မျိုးစုံ ပါဝင်သည့် အမွေအနှစ်ဒေသ ဖြစ်ပြီး ကမ္ဘာ့ အရေးကြီးဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။

''ဒါ့ပြင် လူမျိုးစု ယဉ်ကျေးမှုလဲ ကြွယ်ဝတယ်။ Bio diversity နဲ့ ပတ်သက်တဲ့ Hotspot ခြောက်နေရာမှာ ပါဝင်တဲ့ အတွက် ဂေဟစနစ် ဆိုင်ရာ အရေးကြီးတဲ့ ၂ဝ၆ နေရာမှာလဲ ပါဝင်တယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

သို့သော် အပူချိန် မြင့်တက် လာမှုကြောင့် ရေခဲများ အရည်ပျော်မှုပါ ပိုလာသဖြင့် ခါကာဘိုရာဇီ ဒေသတွင် ရေခဲများမှာ တစ်စတစ်စ ပို၍ ပါးလာကြောင်း သိရသည်။ ရှားပါး သစ်တောကြီးများ၊ ရှားပါးသစ်ပင် များ၏ ဒေသမှန် ဒေသတွင် ပါဝင်ပြီး ဒေသမျိုးရင်း၊ ငှက်မျိုးစိတ် များနှင့် ကမ္ဘာပတ် ငှက်များ ပျံသန်းရာ လမ်းကြောင်းလည်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment