Pages

Saturday, May 9, 2015

တရားမ၀င်သစ်များ ဖော်ထုတ် ဖမ်းဆီးစဉ် ကေအိုင်အေ(ကချင်) အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား


တရားမ၀င်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများကို တွေ့ရစဉ်

တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိသော ယာဉ်နှင့် တရားမ၀င် သစ်များကို တွေ့ရစဉ်



နေပြည်တော် ၊ ၉-၅-၂၀၁၅

ကချင်ပြည်နယ်၊ မံဝိန်း၊ ဆဒုံးဒေသ၊ ကန်တော်ယန် ဒေသနှင့် စီခမ်းကြီး ဒေသအတွင်း နိုင်ငံတော် ၏ သယံဇာတ တစ်မျိုးဖြစ်သော ကျွန်းသစ်များ အပါအဝင် အဖိုးတန်သစ်များ တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်မှုများ မရှိစေရေး အတွက် လေကြောင်း ကင်းထောက်မှု များနှင့်အတူ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း ပြုလုပ်လျက် ရှိရာ ၂ဝ၁၅ ခုနှစ် မေ ၅ ရက်တွင် စီခမ်းကြီး ဒေသ၊ နန့်လင်းပါ ကျေးရွာအနီး ပတ်ဝန်းကျင် တစ်ဝိုက်တွင် တရားမဝင် သစ်များစုပုံ ထားရှိကြောင်း သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက သွားရောက် ရှင်းလင်းစဉ် ကေအိုင်အေ (ကချင်) အဖွဲ့အချို့နှင့်  ထိတွေ့မှု ဖြစ်ပွား ခဲ့ပြီးနောက် သောင်းကျန်းသူများ ဆုတ်ခွာ၍ အဆိုပါ ပတ်ဝန်းကျင်အား အသေးစိတ် ရှင်းလင်း ရှာဖွေရာ အရှည် ၉ ပေခန့်ရှိသော ကျွန်းသစ်လုံး ဆိုဒ်စုံ ၂၅ဝ လုံး၊ ကျွန်းသစ် ခွဲသားဆိုဒ်စုံ တန် ၃ဝ ခန့် ၊ အင်ဂျင် ၂၅ ကောင်အား သစ်ခွဲစက် နှစ်လုံး ၊ သစ်များ တင်ဆောင်ထားသော တုန်ဖုန်း ခြောက်ဘီးယာဉ် တစ်စီး ၊ သစ်ဆွဲယာဉ် နှစ်စီးနှင့် လုပ်သေနတ် တစ်လက်တို့ အား သိမ်းဆည်း ရမိသည်။

အဆိုပါ စစ်ကြောင်းများမှ မေ ၇ ရက်တွင် နန့်လင်းပါ ကျေးရွာအနီး ဆက်လက် ရှင်းလင်းခဲ့ရာ တရုတ်နိုင်ငံသား နှစ်ဦး၊ မြန်မာနိုင်ငံသား ငါးဦး၊ စုစုပေါင်း ခုနစ်ဦး တို့နှင့်အတူ အရှည် ၉ ပေရှိသော ကျွန်းသစ်ဆိုဒ်စုံ ၃၁ လုံး၊  သရီးကရောင်း ခြောက်ဘီးယာဉ် တစ်စီး၊ ၁ဝ ဘီးယာဉ်နှစ်စီး တို့အား ဖမ်းဆီး ရမိသည်။ စစ်ကြောင်းများမှ ဆက်လက် ရှင်းလင်းစဉ် နန့်လင်းပါ ကျေးရွာ အရှေ့မြောက် ဘက်ရှိ ပွိုင့်- ၂၄၅ တောင်ကုန်း အရောက် ခေါင်းဆောင်နှင့် အင်အား (စိစစ်ဆဲ) ကေအိုင်အေ (ကချင်) အဖွဲ့များနှင့် နံနက် ၁ဝ နာရီ မှ မွန်းလွဲ ၂ နာရီအထိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားရာ လေကြောင်းပစ်ကူ ရယူ၍ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပွိုင့်- ၂၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိပြီး သောင်းကျန်းသူများ အရှေ့မြောက်ဘက် သို့ ဆုတ်ခွာ ခဲ့သည်။ ဆုတ်ခွာရာ နောက်သို့ စစ်ကြောင်းများမှ လိုက်လံ ရှင်းလင်းလျက် ရှိသည်။

အလားတူ မေ ၇ ရက် ဆဒုံးဒေသ နှင့် ကန်တော်ယန် ဒေသအတွင်း တရားမဝင် သစ်များစုပုံ ထားရှိကြောင်း သိရှိရသဖြင့် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းများမှ သွားရောက်ရှင်းလင်း ခဲ့ရာ ဘွန်တောင်ကျေးရွာ အနီး၌ သစ်ကိုင်း များဖြင့် ဖုံးကွယ် စုပုံထားသော အရှည် ၈ ပေခန့်ရှိသော သစ်လုံးဆိုဒ်စုံ ၈ဝဝ လုံးအား လည်းကောင်း၊ ကန်တော်ယန် နှင့် ရင်ကွဲတောင်ကြား ၌ အရှည် ၁ဝ ပေခန့်ရှိသော သစ်လုံး ၁၆ လုံး တင်ဆောင် ထားသော ယမ်းဖောင်ကား တစ်စီး၊ သစ်လုံးမျိုးစုံ ရှစ်လုံး၊ ဒိုဇာယာဉ် နှစ်စီး တို့အား လည်းကောင်း ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်။

ကချင်ပြည်နယ် အတွင်း အဖိုးတန် သစ်များ တရားမဝင် ခိုးထုတ်မှုများ မရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment