Pages

Tuesday, May 12, 2015

ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် နော်ဝေတက္ကသိုလ် တို့ပူးပေါင်း၍ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း ဇွန်လတွင် ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၂-၅-၂ဝ၁၅

ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် နော်ဝေ နိုင်ငံရှိ Norwegian University of Science and Technology တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းကို ယခုနှစ် ဇွန်လတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သဘာဝ အရင်းအမြစ်များ ဆိုင်ရာ စီမံခန့်ခွဲမှု အစရှိသော ဘာသာရပ် များကို သင်ကြား ပို့ချမည်ဖြစ်ပြီး သင်တန်း ကာလကို နှစ်နှစ် သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ သင်တန်း အမှတ်စဉ် (၁) ကို လာမည့်ဇွန်လ တွင် စတင် ဖွင့်လှစ်ပြီး သင်တန်းသား ဦးရေ ၄ဝ အား သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်းနှင့် နောင်နှစ်များ တွင်လည်း နှစ်စဉ်ဖွင့်လှစ် သွားမည် ဖြစ်သောကြောင့် နော်ဝေ တက္ကသိုလ် ဘက်မှ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဘာသာရပ်များ သင်ကြား ပို့ချရန် သဘောတူညီ ထားကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ယင်းသင်တန်းသို့ တက်ရောက်ရန် လျှောက်ထားသူ စုစုပေါင်း ၁ဝဝ ခန့်ရှိပြီး ၄င်းတို့အနက် ၄ဝ ဦးအား ရေးဖြေနှင့် လူတွေ့နှုတ်ဖြေ စသည့် အရည်အချင်း စစ်ဆေးခြင်းများ ဆောင်ရွက်၍ စိစစ် ရွေးချယ် ခဲ့ကြောင်းနှင့် တက်ရောက်ခွင့် ရရှိသူများ စာရင်းကို မေလ အတွင်းတွင် သက်ဆိုင်ရာ မှ ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment