Pages

Saturday, April 4, 2015

အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် (ဗဟန်း) အား သတင်းအချက်အလက် နှင့် နည်းပညာတက္ကသိုလ် အဖြစ် အမည်ပြောင်းလဲ


ရန်ကုန် ၊ ၄-၄-၂၀၁၅

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း) အား သတင်း အချက်အလက် နှင့် နည်းပညာ တက္ကသိုလ် အဖြစ် အမည်ပြောင်းလဲ သတ်မှတ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်သည် ၂ဝ၁၂ ခုနှစ်က ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် လက်အောက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ အမည် ပြောင်းလဲခြင်းကို ဧပြီ ၁ ရက်မှ စတင်လိုက်ခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅ဝဝ ခန့်ကို လက်ခံသင်ကြား ပေးနေသည့် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် အား သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် ဟု အမည်ပြောင်းလဲ သွားသော်လည်း သင်ကြားမှုများ နှင့် ကျောင်းသား၊ ကျောင်းသူ လက်ခံခြင်း ကိစ္စရပ်များမှာ ပြောင်းလဲ သွားမည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်ကို လက်ရှိ အချိန်တွင် ယခင် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် ဖွင့်ခဲ့သည့် ဗဟန်းမြို့နယ် အတွင်း ဆက်လက် ဖွင့်လှစ် သွားမည် ဖြစ်သော်လည်း လာမည့် ပညာသင်နှစ် မှစတင်၍ ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ သို့ ပြောင်းရွှေ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း တက္ကသိုလ်၌ ကျောင်းသား နှစ်ဦးလျှင် ကွန်ပျူတာ တစ်လုံးစီ ပေးအပ်၍ သင်ကြားမှု များကို လက်တွေ့ အနေဖြင့် ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်သည် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရမှတ်ပေါင်း ၄၈ဝ နှင့်အထက် ရရှိသူများ ကိုသာ တက်ရောက်ခွင့်ပြု ခဲ့သည့် တက္ကသိုလ် တစ်ခု ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် လက်အောက်မှ ခွဲထွက်၍ ကိုယ်ပိုင် အမည်သစ် ဖြင့် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(၄၄၃)

#Themyawadydaily

No comments:

Post a Comment