Pages

Wednesday, April 22, 2015

၂၀၁၄ ခုနှစ်အတွင်း လူဦးရေ ၅၁ သန်းကျော်တွင် အခွန်ဆောင်သူ ဦးရေမှာ သုံးသိန်းကျော်သာရှိ


ရန်ကုန် ၊ ၂၂-၄-၂၀၁၅

မြန်မာနိုင်ငံ၌ အခွန် ထမ်းဆောင်သည့် လူဦးရေမှာ လွန်စွာ နည်းပါးလျက် ရှိကြောင်း နှင့် ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာ့ လူဦးရေ ၅၁ သန်းကျော်တွင် အခွန်ဆောင်သူ လူဦးရေမှာ သုံးသိန်းကျော်သာ ရှိကြောင်း အခွန်ဘုတ် အဖွဲ့ခေါင်းဆောင် သူရ ဦးသောင်းလွင် ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိ ကောက်ခံရရှိ ထားသည့် အခွန်ငွေ ပေးသွင်းသူများ စာရင်းနှင့် ဝင်ငွေအရ အာဆီယံ ဒေသတွင်း အနည်းဆုံး ဖြစ်သည်။ အခွန်ရရှိထား သူများမှာ ကုမ္ပဏီများနှင့် စားသောက်ဆိုင် များမှသာ ရရှိထားခြင်း ဖြစ်ပြီး နိုင်ငံသားများ အနေဖြင့် တစ်ဦးချင်း ပေးသွင်းရမည့် အခွန်များကို ပေးသွင်းခြင်း မရှိသေးကြောင်း သိရသည်။

ထိုကဲ့သို့ ပေးသွင်းခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆ဝ ခန့်တွင် အခွန် ပေးဆောင်သူ ဦးရေမှာ သုံးသိန်း နှစ်သောင်းသာ ရှိခဲ့ပြီး အခွန် ထမ်းဆောင်သူ များမှ ပေးဆောင် ထားသည့် အခွန် ဝင်ငွေမှာ ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄၃ဝဝ ဘီလီယံ ရရှိခဲ့ကြောင်း အခွန်ဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ပြည်သူများ အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် တစ်ဦးချင်း ဝင်ငွေခွန် များကို သိရှိနားလည် နိုင်စေရန် ကြိုးစား လုပ်ဆောင် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အခွန် တိမ်းရှောင်သူများ မရှိစေရန် နောက်ပိုင်း ကာလများတွင် စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သို့ ပေးသွင်းရသည့် တစ်ဦးချင်း ဝင်ငွေခွန် များကို ပြည်သူများ အနေဖြင့် သိရှိသူ နည်းပါး နေသကဲ့သို့ ဝင်ငွေခွန် ပေးဆောင်ပြီး ပါက နိုင်ငံတော်မှ မည်ကဲ့သို့ ပြန်လည် ဆောင်ရွက် ပေးမှုရှိ၊ မရှိကို လက်ရှိ အချိန်အထိ ပြည်သူများမှာ သိရှိ နားလည်မှု နည်းပါး နေသေးသည့် အတွက် အခွန် ပေးဆောင်မှု မပြုကြခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

''ပြည်သူတွေ အခွန်အကြောင်း နားလည်ပြီးတော့ အခွန် ပေးဆောင်ချင် လာအောင် ကြိုးစားပြီး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အခွန်ဝင်ငွေက ငွေကျပ် ၄၃ဝဝ ဘီလီယံ ရရှိခဲ့တဲ့ အတွက် အခုနှစ် မှာလည်း အခွန်ဝင်ငွေက ပိုပြီး တိုးတက်ရရှိ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ် '' ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၃-၂ဝ၁၄ အခွန် စည်းကြပ်နှစ်တွင် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင် ခဲ့ကြသည့် လုပ်ငန်းရှင် များအား ဂုဏ်ပြု လက်မှတ်များ နှစ်စဉ် ပေးအပ်ခဲ့သည့် နည်းတူ ယခုနှစ် တွင်လည်း အခွန် အများဆုံး ပေးဆောင်ခဲ့ ကြသည့် ပြည်တွင်း လုပ်ငန်းရှင် များနှင့် ပြည်ပ လုပ်ငန်းရှင် ၁ဝဝ ကျော် တို့ကိုလည်း ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily

No comments:

Post a Comment