Pages

Saturday, April 11, 2015

ပုဂံဒေသရှိ စေတီပုထိုးတော်များ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများအား အထူးသင်တန်းများ ပေးမည်



ရန်ကုန် ၊ ၁၁-၄-၂၀၁၅

ပုဂံဒေသရှိ စေတီပုထိုးများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အထူး လုံခြုံရေး သင်တန်းများ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း ပုဂံစေတီပုထိုး များမှ ဘုရားဂေါပက များ၏ ပြောကြားချက် အရ သိရသည်။

ယခုနှစ် မတ်လ တစ်လတည်းတွင် ၁ဝ ရက်အတွင်း ပုဂံရှိ ဘုရားနှစ်ဆူမှ အလှူခံပုံးများ အဖောက်ခံ ရမှုကြောင့် ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန တို့မှ ဘုရား လုံခြုံရေး ဝန်ထမ်းများအား သင်တန်းများ
ပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ ထို့အပြင် တန်ခိုးကြီး ဘုရား ၁၄ ဆူတွင်လည်း လုံခြုံရေး အင်အား တိုးမြှင့်ထားသည့် အပြင် အဆိုပါ ဖောက်ထွင်းခံ ရမှုများကို အထူး အမှုစစ်အဖွဲ့ ဖွဲ့၍ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ပုဂံဒေသရှိ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး များ၌ လုံခြုံရေး ကင်မရာများနှင့် လုံခြုံရေး ဝန်ထမ်းများ ထားရှိထား သော်လည်း စေတီပုထိုး များရှိ အလှူခံပုံးများ ဖောက်ထွင်းခံ နေရသည့် အတွက် လုံခြုံရေး အင်အားတိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ရှိ အချိန်ထက် ပိုမိုတိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးများ အနေဖြင့် အရည်အချင်း ပြည့်ဝစွာ တာဝန် ထမ်းဆောင်နိုင် စေရန် လုံခြုံရေး အထူးသင်တန်းများ ပို့ချ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂံထီးလိုမင်းလို ဘုရားရှိ အလှူခံပုံး ခြောက်ပုံးမှ အလှူငွေ များသည် ယခုနှစ် မတ် ၁၇ ရက်က ခိုးယူခံခဲ့ရပြီး မတ် ၂၆ ရက်တွင် အာနန္ဒာ ဘုရားရှိ အလှူခံပုံးများ ထပ်မံ ဖောက်ထွင်းခံ ခဲ့ရခြင်း ဖြစ်ကြောင်း ၊ ၂ဝဝ၃ - ၂ဝဝ၄ ခုနှစ်ဝန်းကျင် တွင်လည်း အာနန္ဒာ ဘုရားရှိ စိန်ဖူးတော် ခိုးယူခံခဲ့ ရဖူးပြီး အဆိုပါ အမှုကို ၂ဝဝ၉ ခုနှစ်တွင်မှ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily

No comments:

Post a Comment