Pages

Saturday, April 11, 2015

ဟံသာဝတီလေဆိပ်စီမံကိန်း ပြီးဆုံးသွားပါက ရန်ကုန်လေဆိပ်တွင် ပြည်တွင်းခရီးစဉ်များ နှင့် စင်းလုံးငှား ခရီးစဉ်များအတွက် အသုံးပြုမည်


တိုးချဲ့တည်ဆောက်လျက်ရှိသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်

ရန်ကုန် ၊ ၁၁-၄-၂၀၁၅

ဟံသာဝတီလေဆိပ် စီမံကိန်း ပြီးဆုံးသွားခဲ့လျှင် ရန်ကုန်လေဆိပ် တွင်ပြည်တွင်း ခရီးစဉ်များနှင့် စင်းလုံးငှား လေယာဉ်ခရီးစဉ်များ အတွက်သာ အသုံးပြု သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

လက်ရှိ ပြည်တွင်း၊ ပြည်ပခရီးသည် အများဆုံး ဝင်ထွက်သွားလာ နေသည့် ရန်ကုန်လေဆိပ် သည် ဖြစ်ပေါ် တိုးတက်လာမည့် မြန်မာနိုင်ငံ၏ အနာဂတ် အခြေအနေ များတွင် ခရီးသည် ဝင်ဆံ့မှု မမျှမတ ဖြစ်လာနိုင်သည်။ ထို အခြေအနေ များကြောင့် ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ဖြစ်ပေါ်တိုးတက် လာမည့် မြန်မာနိုင်ငံ၏ အခြေအနေ နှင့် နိုင်ငံတကာ ခရီးသည် ဝင်ရောက် လာနိုင်မှုများနှင့် လိုက်လျော ညီထွေ ဖြစ်စေရန် ဟံသာဝတီ လေဆိပ်ကို နိုင်ငံတကာ အဆင့်မီ အဆင့်မြင့် လေဆိပ်ကြီး တစ်ခုအဖြစ် တည်ဆောက်ရန် စီစဉ် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့စီစဉ် လုပ်ကိုင် ဆောင်ရွက် နေစဉ်မှာပင် ရန်ကုန်လေဆိပ်သို့ ဝင်ရောက် လာနေသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များမှာ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ များပြားလာရာ ဟံသာဝတီ လေဆိပ်စီမံကိန်း မပြီးဆုံးသေး မီမှာပင် ရန်ကုန် လေဆိပ်မှာ ခရီးသည် ဝင်ရောက်မှု များပြားနေမှုနှင့် အဆင်ပြေစေရန် ထပ်မံတိုးချဲ့ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' RC အဆောက်အအုံ ဖြစ်ပါတယ်။ အဆောက်အအုံက လေးထပ်၊ Basement ပါတဲ့ ဘက်မှာဆို ငါးထပ် ဖြစ်သွားပါမယ်။ Basement က မြေအောက်ထဲမှာ ရုံးခန်းတွေနဲ့ Airline Office တွေရှိပါတယ်၊ VIP ခန်းကတော့ TV တို့ စာကြည့်ခန်း တို့ပါမယ်'' ဟု စီမံကိန်း ပရောဂျက် အင်ဂျင်နီယာ ဦးသိန်းထွန်း က ပြောပြသည်။

အဆိုပါ အဆောက်အအုံသည် အလျား ၁၉၂ မီတာ၊အနံ ၉၇ ဒသမ ၆ မီတာရှိပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် တိုးချဲ့ တည်ဆောက်ရေး
လုပ်ငန်းများတွင် Car Parking (A&B) ၊ ယာဉ်အဝိုင်း ပတ်လမ်း၊ အရေးကြီး ပုဂ္ဂိုလ်များ နားနေဆောင်၊ အများပြည်သူသုံး သန့်စင်ခန်းများ၊ ပြည်တွင်း ၊ ပြည်ပ ထွက်ခွာဆောင်၊ ခရီးသည် နားနေဆောင်များ၊ ခရီးသည် လက်မှတ် အရောင်း ကောင်တာများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ် ကို ဟံသာဝတီလေဆိပ် စီမံကိန်း မပြီးဆုံးသေးမီ အချိန်ထိ ပြည်တွင်း၊ ပြည်ပ လေယာဉ် အဝင်အထွက်များ အားလုံးအတွက် အသုံးပြု သွားမည် ဖြစ်သည်။

ဟံသာဝတီ လေဆိပ် စီမံကိန်း ပြီးဆုံးသွားချိန်တွင် ပြည်ပ ခရီးစဉ် များအတွက် ခရီးသည်တင် လေယာဉ်များနှင့် ကုန်တင်လေယာဉ် များကို ဟံသာဝတီ လေဆိပ်ကို အသုံးပြု ပျံသန်းသွားလာ စေမည်ဖြစ်ပြီး ရန်ကုန်လေဆိပ် ကို ပြည်တွင်း ခရီးစဉ်များ အတွက် ခရီးသည်တင် လေယာဉ်များနှင့် စင်းလုံးငှား ခရီးစဉ်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။ (၃၃၆)

#Themyawadydaily

No comments:

Post a Comment