Pages

Sunday, April 5, 2015

ယူနီဆက်ဖ်မှ တစ်နှစ်လျှင် မူလတန်း ပညာသင်ကျောင်း ၁၀ ကျောင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆောက်လုပ်ပေးသွားမည်


ရန်ကုန် ၊ ၅-၄-၂၀၁၅

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ ဆွစ်ဇာလန်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် တစ်နှစ်လျှင် မူလတန်း ပညာသင်ကျောင်း ၁ဝ ကျောင်းကို ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်၊ ကော့ကရိတ် မြို့နယ်နှင့် လှိုင်သာယာ မြို့နယ်တို့၌ မူလတန်း ပညာသင်ကျောင်း များကို တည်ဆောက်မည် ဖြစ်ပြီး ကျောင်း တစ်ကျောင်းလျှင် အမေရိကန် ဒေါ်လာ တစ်သိန်း ကျသင့်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းများ အတွက် Swiss Agency for Development and Cooperation က အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ သန်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းများ တည်ဆောက် ရာတွင် ကလေး ကစားကွင်းများ၊ လက်ဆေးကန်များ၊ ယင်လုံ အိမ်သာများ အပြင် မိုးကြိုးလွှဲ များလည်း ပါဝင်မည် ဖြစ်ပြီး စုစုပေါင်း ၄၂ ကျောင်း ဆောက်လုပ် ပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အခြေခံပညာ သင်ကျောင်းပေါင်း ၄၃၁ဝဝ ကျော်ရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ပေါင်း ၈ ဒသမ ၅ သန်းကျော် ရှိကာ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း တို့တွင် သင်ကြား ပေးနေသော ဆရာ၊ ဆရာမပေါင်း ၂၈၁၇၅ဝ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီး ဌာန၏ စာရင်းများ အရ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment