Pages

Tuesday, April 7, 2015

အခွန်ကောက်ခံမှုအတွက် နိုင်ငံအနှံ့ အထောက်အကူပြု အဖွဲ့များဖွဲ့၍ စနစ်တကျ ကောက်ခံခြင်းများ ပြုလုပ်မည်


ရန်ကုန် ၊ ၇-၄-၂၀၁၅

နိုင်ငံ့အခွန်ထမ်း ပြည်သူများအား ကောက်ခံမည့် အခွန်ငွေများကို လာမည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်း၍ စနစ်တကျ ကောက်ခံမှု လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် အခွန်ငွေကို ငွေကျပ် သန်းပေါင်း ၄၈၉၇ ဘီလီယံ ကောက်ခံရရှိ နိုင်ရန် မျှော်မှန်းထားပြီး ယခင် ဘဏ္ဍာနှစ်က အခွန်ငွေ ကောက်ခံရရှိမှု နှုန်းထားကို ငွေကျပ် သန်းပေါင်း ၄ဝ၅ ဘီလီယံ ရရှိနိုင်ရန် ခန့်မှန်း ခဲ့ရာတွင် ငွေကျပ် သန်းပေါင်း ၄၃ဝဝ ဘီလီယံ ရရှိခဲ့သဖြင့် ယခု ဘဏ္ဍာနှစ် တွင်လည်း ပြီးခဲ့သည့် နှစ်ထက် အခွန်ငွေ ရရှိမှုပမာဏကို ငွေကျပ် သန်းပေါင်း ၉ဝဝ ဘီလီယံ နီးပါး ပိုမိုလျာထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ အခွန်ငွေ အများဆုံး ထမ်းဆောင် ပေးနေသော ပြည်တွင်း လုပ်ငန်းရှင်ပေါင်း ၅ဝ နှင့် နိုင်ငံခြား လုပ်ငန်းရှင် ၁ဝ ဦးရှိနေပြီး တချို့ ပြည်တွင်း လုပ်ငန်းများ အနေဖြင့် အခွန် တိမ်းရှောင်မှုများ ရှိနေ၍ နိုင်ငံခြား ကုမ္ပဏီ တချို့မှာလည်း ပြည်တွင်း၌ ၄င်းတို့၏ ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ စတင်နေကြ သော်လည်း အခွန် တိမ်းရှောင်ခြင်းများ ရှိနေကြောင်း သိရသည်။

လာမည့်နှစ်များ အတွင်း နိုင်ငံတော်၏ အခွန်ကောက် စနစ်များကို အခွန်ထမ်း ပြည်သူများ အတွက် လျှော့ပေါ့ စဉ်းစားခြင်းများ ပြုလုပ်မည်ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံသား များကို ကောက်ခံနေသော ဝင်ငွေခွန် နှုန်းထားများ အတိုင်းပင် နိုင်ငံခြားသား အခွန်ဆောင် ရသူများ ကိုလည်း ဝင်ငွေခွန် နှုန်းထားတူဖြင့် ပေးဆောင်ရန် ကိစ္စရပ်များနှင့် တခြား အခွန်စနစ် သတ်မှတ်ချက် များကိုလည်း သင့်လျော်သလို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ဝင်ငွေခွန်ကို နိုင်ငံသားများ၏ တစ်နှစ်အတွင်း လစာငွေ ငွေကျပ်သိန်း၂ဝ ကျော်သူများ ထံမှ ကောက်ခံ ရရှိနေကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment